"Pa...Papaအရမ်းမလုပ်ပါနဲ့။ ရိပေါ်ကို ညင်သာပေးပါနော်"
"ရှောင်းကျန့်...မလုပ်ပါနဲ့...ငါ့ကို အဲ့လိုမလုပ်ပါနဲ့ ရှောင်းကျန့်ရယ်"
တင်းတင်းမှိတ်ထားတဲ့မျက်လုံးထဲကိုမှ ဖြတ်ဝင်လာတဲ့ ထိုအတိတ်တို့က ရှောင်းကျန့်ရဲ့နှလုံးသားတစ်စုံကို အဝတ်ညှစ်သလိုညှစ်ချလိုက်သကဲ့သို့ နာကျင်လှသည်။
အာ့*
နှလုံးသားရှိရာဝဲရင်အုံကိုဖိလို့ ရိပေါ်ရဲ့ခန္ဓာကိုယ်ပေါ်လှုပ်ရှားနေတဲ့လက်တို့ဟာ တဖြည်းဖြည်းပြေကျသွားရသည်။
အာ့ခနဲအသံထွက်လာကာ လှုပ်ရှားမှုတို့ ရပ်တန့်သွားတာကြောင့် အမြင်အာရုံတို့မရှိသောရိပေါ်ဟာ ဘာမှမသိရှာပဲ ရှောင်းကျန့်အတွက် စိတ်ပူပေးနေရှာသေးသည်။
"Papa...ဘာဖြစ်လို့လဲဟင်။ Papa.."
လက်တို့ဖြင့် လိုက်ထိတွေ့ကြည့်သော်လည်း လေထုကသာ လာရောက်ရိုက်ခတ်လေ၏။ တိတ်ဆိတ်သွားသောအခန်းအတွင်း Papaဟာ သူ့ကို ပြန်မထူးခဲ့ပါ။
ငိုနေခဲ့လို့ စိတ်ပျက်သွားလေသလား...
သူဟာ Papaအလိုရှိတဲ့ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်အထိအတွေ့မဆို လက်ခံရမည့်သူဖြစ်နေလျက်နဲ့ ဘာလို့များ Papaကိုငြင်းဆန်ခဲ့မိသလဲ။ ဒီလိုအသုံးမကျတဲ့ပရော့စ့်တစ်ယောက်ကို သခင်က စွန့်ပစ်လိုက်တော့မှာလား။ဘယ်လောက်ပဲ သူဟာ Papaအတွက်ပါလို့ပြောပြော Papaသာ မလိုချင်တော့ရင် သူဟာ Papaအတွက်ရယ်လို့ ဘယ်ဖြစ်နိုင်ပါတော့မလဲ။ ခဏလေးလောက်သာ သည်းခံလိုက်ရင် Papaထွက်သွားစရာအကြောင်းမှ မရှိတာပဲ။
ကြောက်လာမိသောခံစားချက်တို့နှင့်အတူ ဝမ်းနည်းမှုစိတ်အစုံတို့က ရိပေါ်ရဲ့နှလုံးသားအတွင်းသို့ အပြိုင်အဆိုင်ပင် တိုးဝှေ့ဝင်ရောက်လာကြသည်။ Papaသာ စွန့်ပစ်လိုက်လျှင်ဆိုသည့်အသိက ရိပေါ်ကို ထိတ်လန့်စေသည်။
Papaနဲ့ထက်တွေ့လျှင် ရိပေါ်ဘက်က Papaစိတ်ကျေနပ်အောင် တစ်စုံတစ်ခုပြန်လုပ်ပေးဖို့အတွက် အခုကတည်းက တွေးတောရပါတော့မည်။
********
ဝမ်!
မင်းသိလား ဝမ်
မင်းသိမှသိနိုင်ပါတော့မလား
သူကလေ မင်းနဲ့ သိပ်တူတာပဲ
အစိမ်းရောင်မျက်ဝန်းလေးတွေကအစ မင်းနဲ့တစ်ထေရာတည်းပါပဲဝမ်ရယ်။
ဟား! ကိုယ်သာမရူးမိုက်ခဲ့ရင် မင်းပျော်ရွှင်နေရမှာ ဝမ်ရဲ့ သိလား ကိုယ့်ကြောင့် အဲ့ဒါ ကိုယ်ကြောင့်!

YOU ARE READING
I am your boss
FanfictionMaybe 21+ so read at your own risk! better read the first page (author's note) before you read this story. Enjoy! Cover photo from Pinterest.