ထိုနေ့မှစ၍ လီယိုနှင့်အတူ ဖန်းပါ ပျောက်ကွယ်သွားခဲ့သည်။
လီယို့ကိုတော့ ဖန်းနှုတ်ပိတ်လိုက်ခြင်းဖြစ်ပြီး ဖန်းကတော့ သူ့ပုံစံအတိုင်း တစ်နေရာတည်းတွင် အကြာကြီးနေလေ့မရှိတာကြောင့် တခြားတစ်နေရာသို့ ရောက်သွားလောက်ပြီထင်၏။Duragi Elဟာလည်း ယခင်ကအတိုင်းပင် တိတ်ဆိတ်နေဆဲ...။
သခင်ကြီးရှောင်း၏စံအိမ်တွင်တော့ မတိတ်ဆိတ်နိုင်ခဲ့ပါ။
အမြင်အာရုံပြန်ရလာပြီဖြစ်တဲ့ဝမ်ရိပေါ်ကလေးဟာ အရာရာကိုစူးစမ်းလို့ကောင်းနေသည်လေ။"ချင်းယန်"
ရိပေါ် နေ့လည်စာစားနေရင်း မျက်စောင်းထိုးနေရာတွင်ရပ်နေသည့်ချင်းယန်အား ခေါ်လိုက်လေသည်။"ဟုတ်ကဲ့"
"ကျွန်တော်တစ်ယောက်တည်းထိုင်စားနေရတာ ချင်းယန်လည်း လာထိုင်ပါလား"
"ချင်းယန်က ဒီအိမ်ကအလုပ်သမားမို့ မသင့်တော်ပါဘူး"
ချင်းယန်က မျက်နှာတည်နှင့်ပင်ပြောလာတာမို့ ရိပေါ်၏နှုတ်ခမ်းလေး ဆူပုပ်သွားရသည်။"ဘာမသင့်တော်စရာရှိလည်း ကျွန်တော့်ကိုလည်း ပါပါးက ဝယ်ထားတာပဲကို"
"မတူပါဘူး သခင်လေး"
"ဟင်း~ ထားပါတော့ ရိပေါ်ဘာပြောပြော ချင်းယန်က ရုပ်တည်ကြီးနဲ့ စာအုပ်ကြီးအတိုင်းပဲပြောနေမှာပဲ"
ချင်းယန်ကား ဘာမှပြန်မပြောတော့ချေ...။
"ပျင်းစရာကောင်းလိုက်တာ..."
သက်ပျင်းချကာ ခပ်တိုးတိုးပြောလိုက်သည်။မျက်စိမမြင်ရတုန်းကမှ အဆင်ပြေသေးသည်။
မျက်စိပြန်မြင်ရတော့ အရာရာကိုစူးစမ်းချင်သည်။
အပြင်လောကကြီးဟာ မည်သို့်မည်ဖုံရှိသည်ဆိုတာ သိချင်သေးသည်။
ပါပါးက တစ်အိမ်လုံးကို နေရာအနှံ့လျှောက်သွားခွင့်ပြုပေမယ့် အိမ်အပြင်သို့မထွက်ခိုင်းပေ။
ယုတ်အစွဆုံး ခြံထဲသို့ပင် မဆင်းခိုင်း...။"ပျင်းနေတာလား ရိပေါ်"
ထမင်းစားခန်းအဝင်ဝအား ကျောပေးထားသည်မို့ ပါပါးရောက်နေသည်ကို ရိပေါ်သတိမပြုမိလိုက်ပါ။ အသံပြုမှသာ ပါပါးရောက်နေမှန်းသိတော့သည်။

YOU ARE READING
I am your boss
FanfictionMaybe 21+ so read at your own risk! better read the first page (author's note) before you read this story. Enjoy! Cover photo from Pinterest.