4 ရင်သွေးလေးဖွားမြင်ပြီ

71 11 0
                                    

လေလာရာအရပ်တွင်ရှိနေသော အရွက်ကလေးသည် "ငါ့တာဝန်ငါထမ်းဆောင်နေသည်" ဟူသော မာန်မာနဖြင့် ထိုနေရာမှတဖွာမှမခွာခဲ့ပါချေ။ ဘာလို့လိုနှင့်ပင် ထိုအရွက်ကလေး ရှိ‌နေခဲ့သည်မှာ တစ်လပြည့်ခဲ့ပြီဖြစ်၍ Adulkittiporn သခင်မရဲ့ကိုယ်ဝန်သည်လဲ တဖြေးဖြေးဖြင့် ၇လ ထဲသို့ရောက်ရှိလာခဲ့သည်။တစ်လလုံးလုံး ကိုယ်ဝန်ပျက်စေသောအာနိသင်ရှိသည့် အရွက်၏အနံ့ကို ရှူရှိုက်မိရင်းဖြစ်မှန်းမသိဖြစ်နေတော့သည်။ကံ‌မကောင်းစွာဖြင့် သမားတော်ကြီးသည်လဲ ထိုတစ်လလုံးခရီးထွက်နေ၍ သခင်မ ပျိူမဒီအားလာမကြည့်ဖြစ်ခဲ့ပေ။

"မယ်တော်...ပျို့အခြေအနေမကောင်းဘူး သမားတော်ခေါ်မှနဲ့တူတယ်"

"ဘာလို့လဲ သားရဲ့"

"ပျို ပိန်ပိန်လာတယ်ပြီး‌ တရှောင်ရှောင်နဲ့ အစားလဲသိပ်မစားဘူး "

"ကိုယ်ဝန်ကြောင့် နေမှာပါသားရဲ့"

"ပျို့ကို သားစိတ်ပူလာပြီသမားတော် ခေါ်လိုက်တော့မယ် မယ်တော်ရယ်"

"အဲ့ဟာလဲ ကောင်းတာပဲ တခုခုဆို ကြိုတင်သိရတာပေါ့"

"ဟုတ် မယ်တော်"

ထိုအချိန်တွင် ပျိုမဒီသခင်မသည်သူမ၏ အခန်းမှနေ၍ ကျယ်လောင်စွာအသံပြုလျက်။

"ကိုရေ ကို ပျိုဗိုက်တွေနာလာပြီ လာကြပါအုံး မယ်တော်"

မယ်တော်နဲ့သခင်ကြီးလည်း အလန့်တကြား ပြေးလာလျက်။

"ပျို.....ပျို....."

"သမီးပျို ဘာဖြစ်တာတုန်း.."

" အားးးးး ဗိုက်အောင့်လို့မယ်တော်.....အဟင့်"

နဖူးမှ ချွေးစီးများထွက်လျက် ကျိတ်မှိတ်ခံစားနေရသော Adulkittiporn သခင်မသည် မယ်တော့်အား အားကိုးတကြီးဖြင့်ကြည့်ရှာသည်။

"ပျိုက မွေးတော့မှာလား မယ်တော် "

"ကိုယ်ဝန်က၇လရှိသေးတာ သားရဲ့ သမားတော်ခေါ်စမ်း အိမ်တော်ထိန်းလီ"

"ဟုတ်"

🕰️Time Skip🕰️

"သမားတော် ဘာဖြစ်တာလဲပျိုက"

"ကိုယ်ဝန်ကမူမမှန်တာဘဲ ပျက်ကျချင်နေတာပါသခင်။သခင်မရဲ့ သွေးထဲမှာ ဓာတ်တစ်ခုအလွန်များ‌ နေတဲ့လက္ခဏာပါသခင် အသားနီတယ် ချွေးအလွန်အကျွံထွက်နေတယ် ပြီးတော့ တအားလဲပိန်ကျသွားတယ်။ အဲ့ဒီဓာတ်တမျိုးက ကိုယ်ဝန်ကိုပျက်ကျစေဖို့တွန်းအားပေးနေတယ် သခင်"

"ဘာ............ဘယ်လို ပျိုရေ.....အဲ့လိုမဖြစ်ရဘူး သမားတော်ကြီး တခုခုလုပ်ပါအုံး"

" ဟင့်အင်း..... ကို... ပျို့ကိုကယ်ပါအုံး... အဟင့် ...ပျို့ရင်သွေးလေး မယ်တော်.....ကယ်ပါအုံး"

"စိတ်အေးအေးထား သမီး‌"

"သမားတော် ဒါဘာကြောင့်ဖြစ်ရတာလဲ"

"အရွက်တမျိုးရဲ့ဓာတ်ပါသခင် ဒါမဲ့အဲ့အရွက်က ရှားပါးအရွက်ပါ"

နှလုံးသားမှာတည်တဲ့ ချစ်မေတ္တာ (completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ