15 Gun က ကို့အတွက်မဟုတ်ခဲ့ဘူး

77 11 0
                                    

မြန်မာပြည်သို့ရောက်ရှိနေ‌ သောထိုကျောင်းသားအဖွဲ့သည် မြန်မာပြည်၏နေရာအနှံ တစ်ပတ်ကြာလည်ပတ်ခဲ့သည်။ ပျော်စရာအချိန်များစွာလဲရရှိခဲ့ကြသည်။ အသွားခရီးတွင် ဖြစ်ခဲ့သော ခံစားချက်နှင့်အပြန်ခရီးတွင် ဖြစ်တည်လာခဲ့သော ခံစားချက်များမှာလဲမတူညီစွာ။ အိမ်ပြန်ချိန်ရောက်ရှိပြီဖြစ်၍ အမှတ်တရများစွာဖြင့် မြန်မာပြည်ကြီးကိုနှုတ်ဆက်ခဲ့ကြလေတော့သည်။

မိမိတို့၏‌ မွေးဌာနီ ထိုင်းနိုင်ငံသို့ပြန်ရောက်ချိန်တွင်မူ အရင်ပုံစံအတိုင်း ကျောင်းတတ်လိုက် စာကျက်လိုက်နှင့်ကုန်ဆုံးခဲ့သည်။ Gunသည်လဲ jumpol အပေါ်ထားရှိသော သူ၏ခံစားချက်ကို လျစ်လျှူရှုခဲ့လေသည်။မဖြစ်နိုင်မှန်းသိသည်မို့။ ဤလိုနှင့်ပင်
တဖြေးဖြေး တနှစ်ပြီးတနှစ်ပြောင်းလဲ ခဲ့လေတေ့သည်။ ယခုဆိုလျှင် jumpolတို့သည် နောက်ဆုံးနှစ်သို့ပင် ရောက်ရှိခဲ့ကြသည်။ ဤနှစ်တွင် jumpol, Tay နှင့် Ging သည် အင်္ဂလန်သို့ပညာသင်ဆု scholarship ဝင်ရောက်ဖြေဆိုရမည်ဖြစ်၍ သင်ခန်းစာများဖြင့်မအားမလပ်တော့ပေ။ jumpolသည် ဤစာမေးပွဲကိုဝင်ဖြေဖို့စိတ်ကူးမရှိခဲ့ပါချေ။ Gunနှင့်ခွဲရမည် မဟုတ်ပါလား။ သို့သော် Tay က

"မင်းအခုအနေထားနဲ့ ဟိုက သခင်လေး Atthaphan Phunsawat‌  နော်။ငါမင်းကို နှိမ်ပြောတာမဟုတ်ပေမယ့် မင်းကအခု အိမ်ပေါ်ကဆင်းနေတဲသခင်လေးလေ။ မင်းဆီမှာ ဂုဏ်ပုဒ်ကအဲ့ဟာအပြင်မရှိဘူး။ အင်္ဂလန်က ဘွဲ့ရရင် မင်း Atthaphan Phunsawat ရဲ့စီးပွား‌ရေးကိုတောင် ကျော်တတ်နိုင်တာမို့။မင်းသေချာစဉ်းစား။ ဒီမှာနေလဲ သူ မင်းကိုမုန်းတဲ့အမုန်းက မပြောင်းလဲဘူး jumpol မင်းသေချာစဉ်းစားပါ။ ခနတာပဲခွဲရတာပါ"

Tayပြောသည်လဲ မှန်သည်မို့ jumpol သည်စာမေးပွဲဖြေဖို့ပြင်ဆင်ခဲ့သည်။ သူမသွားခင် Gun အားဖွင့်ပြောမည်ဟုလဲဆုံးဖြတ်ထားသည်။သို့သော်လဲ win လေးနှင့်သဘောတူပြီးသားဖြစ်တာမို့ Jumpol သည်သိပ်တော့ မမျှော်လင့်မိခဲ့ပါ။

💚💚💚💚💚💚💚💚💚

🕌 Adulkittipornစံအိမ်တော်🕌

☎️ကလင် ☎️ကလင်
☎️ကလင်

☎️ဟလို ဖေဖေ

☎️အေးသား win မင်းအကိုမွေးနေ့နီးလာပီဆိုတာသိတယ်မို့လား ဖေဖေနဲ့ မင်းမေမေ အိမ်ပြန်လာတော့မလို့

☎️သားသိတယ် ဖေဖေလွမ်းနေပြီ  မေမေကော။ ကိုကို့မွေးနေ့ကိုဒီတခေါက်သားစိတ်ကြိုက်လှူဒါန်းမှာ ဖေဖေတို့သာမြန်မြန်လာတော့

☎️အေးပါသားရယ် သားသဘောကျသလိုလုပ် ဒါပေမယ့် သားကြီး offရဲ့ရွာလေးကိုတော့ပါပါစေနော်

☎️ဟုတ်ကဲ့ပါဖေဖေ ပြီးမင်းမေမေက ပြောစရာရှိသေးတယ်တဲ့

☎️သား win မေမေပါ ဒီတခေါက်လာမှာက သားကြီးမွေးနေ့တင်မကဘူးနော် သား Win နဲ့ Gunလေးကိုစေ့စပ်ပေးမလို့

☎️ ဗျာ!!!    မေမေတို့ကလဲ ဘယ်လိုလုပ်တာလဲ သားက ငယ်ငယ်လေးရှိသေးတာကို အကိုက Gunက ဘာတဲ့လဲ

နှလုံးသားမှာတည်တဲ့ ချစ်မေတ္တာ (completed)Hikayelerin yaşadığı yer. Şimdi keşfedin