18 off Adulkittiporn

82 11 0
                                    


Adulkittiporn လေယာဉ်သည် ထိုင်းမြေပေါ်သို့ဆင်းသက်လာချိန်တွင် လူအများတိုးဝှေ့ကာအလုအယက်ဖြင့်။ သတင်းထောက်သမားများကလဲ off Adulkittiporn မည်သူဆိုတာကို သတင်းယူဖို့အဆင်သင့်ပင်။ လေဆ်ိပ်ထိ မသွားရောက်နိုင်သူတွေကတော့ လေလှိုင်းကတဆင့်ကြည့်ရမည်ဖြစ်သည်။ ထိုအထဲတွင် Gunလဲပါဝင်လေသည်။

မကြာမီပင် လေယာဉ်သည် ထိုင်းမြေသို့ဆိူက်ရောက်လာခဲ့ပြီး Adulkittiporn သခငိကြီးနှင့်သခင်မကြီးက ရှေ့မှအရင်ဆင်းကာ၊ ပြီး Win၊ နောက်ဆုံးတွင် အားလုံးမျှော်လင့်နေကြသော off Adulkittiporn သည် ခန့်ညားတည်ကြည်စွာ။ အဖြူရောင်ဝမ်းဆက်ကိုဝတ်ဆင်ပြီး ရှေ့ကြယ်သီးအနည်းငယ် ဖြုတ်ထားသောကြောင့် ယောင်္ကျားဆန်မှုက ငြင်းမရချေ။ ခန့်ညားသပ်ရပ်သော ဆံပင်ပုံစံဖြင့် နီရဲနေသော နှုတ်ခမ်းပါးတစုံကအသားအရည်နှင့်လိုက်ဖက်စွာ။ မှေးကျဉ်းသော မျက်လုံးများကလဲ ထိုသူ၏အလှတရပ်ပင်။ ထိုမြင်ကွင်းကိုမြင်ရသော လူများ၏ အာမေဋိတ်သံများ..........

Off Adulkittiporn
#crdphoto

"ဟမ် jumpol Chapayaraမဟုတ်ဘုးလား အဲ့ဟာက။ တော်တော်တော့ချောလာတယ် "

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.


"ဟမ် jumpol Chapayaraမဟုတ်ဘုးလား အဲ့ဟာက။ တော်တော်တော့ချောလာတယ် "

"ဘယ်လိုဖြစ်တာလဲ ဒါဆို Jumpol Chapayaraက off Adulkittipornလား"

"ချောလိုက်တာ သခင်လေး offရယ်။ အရမ်းမိုက်တယ် "

လူများမှာ ဝေဖန်သံအမျိုးမျိုး။ စကားသံအမျိုးမျိုးဖြင့်။
Off ကသူတို့ပြောတာကိုအာရုံမရပါချေ။ သူ၏မြတ်န်ုးရသောလူသားလေး လာ မလာကိုသာ စိတ်ဝင်းစားခဲ့သည်။ ထိုကောင်လေးမလာခဲ့ပါ။ Offစိတ်ညစ်သွားခဲ့လေသည်။

ထိုစဉ် သခင်ကြီးက လေယာဉ်ပေါ်မှဆင်းဆင်းခြင်း။

"ဒါ ကျွန်တော့်သား Off Adulkittipornပါ Chapayara မိသားစုရဲ့ကောက်ကျစ်မှုကြောင့်ဝေးကွာခဲ့ရတာပါ။ သွားခွင့်ပြုကြပါဦး"တိုတိုတုတ်တုတ်ပင်ဖြေကြားခဲ့သည်။

ထိုသို့ဖြင့် Adulkittiporn စံအိမ်တော်ဆီသို့ ပြည့်စုံသွားပြီဖြစ်သောမိသားစုလေးပြန်လာခဲ့တော့သည်။

တဖက်တွင်လဲ တီဗီမှတဆင့်ကြည့်နေသော gunတစ်ယောက်သည် သူ၏လူယုံတော် Ken၏ဘေးဝယ်အတွေးများဖြင့်။

(ဟမ်..........ဒါ....ဒါ ......ဘယ်လိုဖြစ်တာ ခများက အကို Off ဒါဆို Chapayaraက ။ တောက်..... Chapayara ခများတို့အကြံပက်စက်ပါ့လား။ သူ့ကိုဘယ်လိုတောင်နှိမ်ခဲ့ကြတာလဲ။ ပြီးတော့ခများကြီး။ ပြန်တွေ့ရမယ်လို့‌ တောင် မထင်ထားခဲ့ဘူး။တွေ့မယ်တွေ့တော့လဲ အခြေအနေတွေကအရင်လိုမဟုတ်ပါ့လား။ Gun ကိုချစ်တယ်ပြောပြီးအဝေးထွက်သွားတာ ခများကြီး။ ပြီးတော့ အရမ်းချောလာတယ် ။ Gunဘက်က မှားခဲ့တာတွေအများကြီးဆိုတော့ ခများ Gunကိုမုန်းနေလောက်ပေါ့။ Adulkittipornရဲ့ သားဆိုတော့ မညှာမတာတွေပြောဆိုခဲ့မိတာ။ Gunအခုမှနောင်တရနေမိပြီ။ ခများနဲ့ဘယ်လိုပြေလည်အောင်လုပ်ရပါ့)

နှလုံးသားမှာတည်တဲ့ ချစ်မေတ္တာ (completed)Onde histórias criam vida. Descubra agora