16 Jumpol ၏မွေးနေ့ပွဲ

66 15 0
                                    


မှောင်ရီပျိုးစအချိန်တွင် အနောက်ရပ်ဝန်းဆီမှ နေလုံးကြီး အိပ်ရာဝင်နေ၍ သဲ့သဲ့မျှတာကျန်ရှိနေသော နေမင်းရဲ့အလင်းရောင်အချို့သည်လဲ တဖြည်းဖြည်း မှိန်ကာ ညချမ်းအချိန်သို့ ကူးပြောင်းဖို့အဆင်သင့်ဖြစ်နေလေသည်။ ည၌သာတဲ့လပြည့်ဝန်းကြီးကလဲ ညကောင်းကင်တွင် ကပြဖျော်ဖြေရန် အ‌ခြွေအရံကြယ်‌ပေါင်းစုံဖြင့် အဆင်သင့်ဖြစ်လို့နေလေသည်။ အံ့မခန်းမြင်ကွင်းတစ်ရပ်၏ အောက်လောကတွင် လူတစ်ချို့တို့သည် စုရုံးလျက်။
ထိုသို့နေဝင်၍ ညသို့မရောက်သေးသောအချိန်တွင် Adulkittipornစံအိမ်၌ စိတ်သဘောထားပြည့်ဝပြီး ထူးချွန်ထက်မြက်၍ အချစ်အတွက် နာကျင်နေရသော သခင်လေး jumpol Chapayara ၏မွေးနေ့ကို Adulkittiporn သခင်နှင့်သခင်မကြီးက ဦးဆောင်၍ ကျင်းပပေးနေလေသည်။ မွေးနေ့ရှင်သည် အားလုံး၏ ရှေ့မှောက်တွင် မျက်လုံးများကို ဖဲ ပဝါစ ဖြင့်ချည်ကာ မမြင်မစမ်း ဖြင့်ရပ်နေရသည်။ ထိုအချိန်တွင် သူ၏ သူငယ်ချင်းမလေး၊ သူ့အားတဖက်သတ်သဘောကျနေသူလေး Gingက မွေးနေ့ကိတ်ကို ကိုင်ဆောင်လာလေသည်။ တစ်စုံတစ်ယောက်သောသူမှာလဲ ပိုင်ရှင်ရှိရက်နှင့်သဝန်တိုစွာ။

(မမြင်ချင်ပါဘုးဆို။ငါ့ကိုအတင်းလာဖို့ခေါ်ကြတယ် စိတ်တွေလဲညစ်ပါ့။ jumpol Chapayara ခများကတော့ ခများချစ်ရတဲ့သူက မွေးနေ့ကိတ်ကိုင်ပေးတော့ပျော်နေရောပေါ့။ မျက်နှာကိုကြည့်ပါ့အုံး ပြုံးနေတာပဲ။ ငါ့အတွက်ကျ တခါမှလဲပြုံးမပြ။ ငါသူနဲ့စကား ဆယ်ခွန်းတောင်ပြည့်အောင်ပြောဖူးရဲ့လား။ စိတ်ရှုပ်တယ်။ ငါလဲစေ့စပ်ပြီးသားပဲ ဘာတွေမျှော်လင့်နေတာ Gunရေ မင်းသူ့ကို စိတ်ဖြတ်ရမာလေ.........ကျစ်!)

ထိုသို့အတွေးများနေသော Gunဆီသို့ ရောက်ရှိလာသူက Adulkittipornသခင်မ ပျိုမဒီ။

"သား Gun ကို ကြည့်ရတာစိတ်တိုနေသလိုပဲ ခုထိ jumpolကိုမခေါ်သေးဘူးလား သား"

"ကျွန်တော်သူ့ကို မုန်းတယ်တီတီပျိူ"

"သားပြန်တွေးကြည့်ပါအုံး သားငယ်ငယ်က သူနဲ့ပဲ အနေများတာနော် တီတီပျိုနဲ့ သားမိဘတွေတောင် သားကိူ winနဲ့မဟုတ်ဘဲ jumpolနဲ့ ဖြစ်မာမို့စိုးရိမ်နေခဲ့တာ"

"စိတ်မပူပါနဲတီတီပျို အဲ့ကိစ္စက ရှိလာမှာမဟုတ်ဘူး"

"သားလေး jumpolက စိတ်ထားပြည့်ဝပါတယ်သားရဲ့။ သားအထင်လွဲနေတာနေမှာပါ။ ပြီးတော့သားလေးjumpol က မိသားစုကကိုပြစ်ပယ်ခြင်းခံခဲ့ရတဲ့ကလေး။သူ့မှာသားပဲ ခင်တွယ်စရာရှိခဲ့တာ။သားကပါမုန်းခဲ့တော့ တီတီပျိုလဲ jumpol လေးကိုအရမ်းသနားမိတယ်။"

"သူ့မိသားစုက သူ့ကိုပြစ်ပယ်ခဲ့တာလား ဘာလို့လဲ"

"တီတီလဲသေချာမသိပေမယ့် သေချာတာက jumpolလေးကအမြဲတစ်ယောက်တည်းပဲ"

(ငါ သူ့ကို မုန်းခဲ့တာကြောင့် သူ့ကိုတစ်ယောက်တည်းဖြစ်စေခဲ့တာလား။ ဟုတ်တယ်ငယ်ငယ်ကတည်းက သူ့မိဘတွေနဲ့သူ့ညီ ဟိုကောင်က သူ့ဆိုအနိုင်ကျင့်ကြတာကို ငါအခုမှသတိရတယ်။ဒီနှစ်အတွင်း ဘယ်လိုနေထိုင်နေပါလိမ့်။ ငါကလဲဘာလို့ဒါ‌ တွေတွေးနေရတာ။ သူကငါမရှိပဲ ဒီအတောအတွင်း တစ်ယောက်တည်းဖြတ်သန်းလာတာဆိုတော့ ငါ့အတွက်သူ့ဆီမှာနေရာမရှိလို့ပေါ့။ငါမရှိလဲနေနိုင်လို့ပေါ့။ အခု Ging ရှိနေပြီပဲ။ ခများတစ်ယောက်တည်း မဟုတ်တော့ပါဘူး jumpol Chapayara။ ကျွန်တော်ကတော့ ခများကိုမယုံကြည်ရဲသေးပါဘူး။ ခများ နဲ့ခများမိဘတွေ ကျွန်တော့်မိဘ‌ တွေအပေါ် ဘာတွေလုပ်ခဲ့လဲဆိုတာကို သိရမှဖြစ်မယ်)

နှလုံးသားမှာတည်တဲ့ ချစ်မေတ္တာ (completed)Where stories live. Discover now