17 ခများတကယ်ကြီးထွက်သွားခဲ့တာ

88 11 0
                                    


ရောင်နီလာချိန်ဖြစ်၍ အရှေ့ရပ်ဝန်းဆီမှ နေမင်းကြီးသည် တဖြေးဖြေး အိပ်ယာနိုးထလာခဲ့သည်။ အိမ်အောက်ထပ်တွင်ရှိသော အန်တီမေနှင့် Flowerသည် ဘုန်းကြီးဆွမ်းလောင်းရန်အတွက်ပြင်ဆင်နေသောအသံများကြားနေရသည်။ Gun ကတော့ညကအမူး မပြေသေး၍ ခေါင်းနဲနဲမကြည်တာမို့ ဆက်လက်ပင်မှေးနေရင်း။

( မနေ့ညက အဲ့လူက Gunကို တကယ်နမ်းခဲ့တာပဲ။Gunက ဘာလို့ရင်ခုန်နေရတာလဲ။ Gunသူ့ကိုမုန်းနေတုန်းပဲမဟုတ်ဘူးလား။ သူ့နှုတ်ခမ်းလေးကခံစားလို့တော့ကောင်းသား။။ Wtf. .... အားးးးးး ....Gunမင်း ရူးနေပြီ။ အတွေးတွေဝေးဝေးသွားစမ်းကွာ)

သူ့နှုတ်ခမ်းနှင့်ထိတွေ့ခဲ့သော ထိုလူ၏ နှုတ်ခမ်းပါးပါးတွေကို ပြန်မြင်ယောင်ကာ တစ်ယောက်တည်းရှက်လာရသည်မို့ အမြန်ထကာ ရေချိုးခန်းဝင်ခဲ့ရတော့သည်။

"Jumpol နင်တကယ်ပဲ Gunကိုမနှုတ်ဆက်တော့ဘူးလား။ သန်ဘက်ခါမှသွားရမယ့်ကိစ္စကိုဘာလို့စောသွားချင်နေမှန်းမသိ"

"Ging နင်Jumpolကိုပြောမနေနဲ့ မနေ့ကကိစ္စလဲသိရဲ့သားနဲ့"

"ဒါနဲ့ Gunက Jameကိုတကယ်နမ်းခဲ့တာလား"

"မင်းတို့တော်တော့ ငါအေးအေးဆေးဆေးနေချင်တယ်အခု။ Gunကငါမရှိမှပျော်နိုင်မာမို့ ငါနှုတ်မဆက်တော့ပါ့ဘူး ။ winကိုတော့ပြောခဲ့ပါတယ် ။"

"အေ့ပါ လေယာဉ်ပေါ်တတ်ကြစို့"

(Gunလေးကို အရမ်းချစ်တယ်နော်။ ကိုတို့က ပေါင်းစပ်လို့မရတဲ့ မျဉ်းပြိုင်နှစ်ခုလိုပဲ။Gunဆီက အပြုံးလေးတွေ ပါးချိုင့်လေးတွေက ကိုမြင်တွေ့ဖို့ခက်ခဲခဲ့လိုက်တာGun ရယ်။ ကိုပြန်လာခဲ့ရင်တော့ ကို့အပေါ်မုန်းနေတဲ့အမုန်းတွေ ပြေပျောက်ပေးပါနော်။ ပိုင်ဆိုင်ခွင့်တော့ မတောင်းဆိုတော့ပါဘူး။ Gunကပိုင်ရှင်ရှိပြီးသားမို့။ ကိုပိုင်ဆိုင်ဆိုင်ခွင့်မရရှိခဲ့တဲ့ မင်းလေးနဲ့ ပြန်တွေ့ချင်ပါသေးတယ်)

ဒီလိုနဲ့ ထိုင်းနိုင်ငံမှ လေယာဉ်တစ်စီးသည် အင်္ဂလန်သို့ ပျံသန်းခဲ့လေတော့သည်။

Jumpol from plane
#crdphoto from Google

Jumpol from plane#crdphoto from Google

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Adulkittiporn စံအိမ်တော်

"အကို gun နဲ့ အကို Sun တို့ပါလား လာထိုင်အုံး"

"အေး Win ငါတို့ပါ"

"အကို Gunညကအတော်လေး မူးသွားတယ်မို့လား"

နှလုံးသားမှာတည်တဲ့ ချစ်မေတ္တာ (completed)Where stories live. Discover now