7 နေ့ရက်ဆိုးကြီး

72 10 0
                                    

Chapayara နှင့် Phunsawat မိသားစု၏ သားတို့သည်လဲ အချိန်‌ တွေရွေ့လျားလာသည်နှင့်အမျှ
တဖြေးဖြေး ကြီးပြင်းလာကြသည်။

Jamesက အသက်16နှစ်ရှိပြီးJumpol‌ ပေါ်အနိုင်ကျင့်တတ်တာက
အရင်အတိုင်းပင်။

Gunလေးကတော့ 15 နှစ်ဖြစ်၍ လုံးလုံးသေးသေးနှင့် ရီလိုက်လျှင် ပါးချိုင့်လေး နှစ်ဖက်နှင့် ချစ်ဖို့ကောင်းစွာ။

Jumpol‌လေးကတော့ 18နှစ်ဖြစ်၍ လူပျိုဖားဖား ဖြစ်လာပြီဖြစ်သည်။အထက်တန်းသို့ရောက်ပြီဖြစ်၍ Chapayara သခင်နှင့် သခင်မသည် ကိုယ်ပိုင် ကျောင်းမထားပေးခဲ့၍ အစိုးရကျောင်းတွင်သာ ပညာသင်ယူရင်းဖြင့်။ သူ၏ဖြူဖြူဖွေးဖွေး အသားအရည်နှင့် သန့်ပြန့်နေပုံက Adulkittiporn၏ သွေးသားမို့လားမသိပါ‌ချေ။ အရာရာမှာထူးချွန် ထက်မြက်ခြင်းကြောင့် ဆရာတွေ၏အကြား၊ တစ်ကျောင်းလုံး၏ အကြားတွင် နာမည်ကျော်ကလေးပင်။

သူ၏ ရုပ်ရည်ရူပကာကြောင့်လည်း ကောင်မလေး‌တွေ၏ အသည်းကျော် Jumpol‌ Chapayara ပါပဲ။

Gun လေးကလည်း Jumpol‌ အစ်ိုးရကျောင်းတတ်၍ သူပါတတ်ချင်သည်ဟု ပူဆာလာသောကြောင့် ကျောင်းကောင်းကောင်းထားမည့် Phunsawatသခင်မ လီလာဝတီဟာ Gunလေးကို Jumpol‌နဲ့တူတူပဲ အစိုးရကျောင်းသာထားခဲ့သည်။သူတို့နှစ်ယောက်အား ခွဲမရမည်ကို သူတို့သိခဲ့ကြသည်။

Jamesကတော့ အခုကတည်းက နာမည်ကြီး ကိုယ်ပိုင် international schoolကိုတတ်ရောက်လျက်။ ‌သူ၏ကျောင်းတွင်လည်းသူသည် အဆိုးလေးတစ်ယောက်ပင်။ သူမိဘ၏ဂုဏ်အင်္ဂါကြောင့်မောက်မာနေသော သခင်လေး Jame ဟူ၍ ကျော်ကြားနေခဲ့သည်။

°°°°°°°°°°°°°°°°°°°°

သာယာသောနေ့တစ်နေ့တွင်။

ထိုနေ့သည် ကလေးများ၏ ကျောင်းပိတ်သည့် နေ့တစ်နေ့လည်းဖြစ်၍ Phunsawat မိသားစုနှင့် Chapayara မိသားစုတို့သည် တောင်ပေါ်နေရာလေး တခုဆီတွင်ရှိသော Adulkittiporn, Chapayara နှင့် Phunsawat သခင် နှငိ့ သခင်မများ စုပေါင်းဝယ်ထားသော နားနေစံအိမ်တော်သို့ အပန်းဖြေခရီးထွက်ခဲ့ကြသည်။

Jumpol လေးတော့မပါခဲ့ပေ။ သူ၏ စာမေးပွဲတွေကြောင့် နေခဲ့ရသည်။Chapayaraသခင်နဲ့သခင်မ‌ကရော Jumpolအား မလိုက်စေချင် သောကြောင့်လည်း ဖြစ်သည်။

Jumpol‌ လေးသာ ထိုနေ့က Gunလေးနှင့်သူ့၏ ဆက်ဆံရေးပြောင်းလဲခဲ့မည်မှန်း သိခဲ့ပါမူ နေရစ်ခဲ့ပါ့မလား ။

"Papii ကလိုက်လို့မရဘူးလား"

"ကိုက စာမေးပွဲရှိတယ် gunရဲ့ gunက ကို့ကိုစာမေးပွဲကျစေချင်လို့လား"

"အဲ့လိုဟုတ်ပါ့ဘူး gun က papiiတွက် မုန့်တွေဝယ်ခဲ့မယ်နော် ပြန်လာမှ gun နဲ့တူတူ ချင်းမိုင်သွားကြမယ် papii gun ကိုစောင့်နေနော်"

"gunလေးသဘော  ဒါနဲ့ Gun နေပူထဲမသွားနဲ့နော် ဟိုရောက်ရင်  အသားတွေမဲကုန်မယ် နဂိုကမှ ကို့ထက်မဖြူတာ"

"Papiiiiiiiiiiiiiiiii သူအအသားဖွေးတိုင်း Papiiကဗျ "

Jumpolမှာ ပြောင်ပြလျက်။

နှလုံးသားမှာတည်တဲ့ ချစ်မေတ္တာ (completed)Место, где живут истории. Откройте их для себя