10 ငွေမက်သောမိသားစု

65 12 0
                                    


🕌Chapayara စံအိမ်တော် 🕌

"သား Jame မင်း gunနဲ့ အခြေအနေဘယ်လိုလဲ။"

"သူက ခုထိ ကပ်မရဘူး။ သူကအကြောတင်းတယ် ပြီးတော့ အရင်က Gunမဟုတ်ဘူး မေမေရဲ့"

"သားမြန်မြန်ကြိုးစား။သူ့ကိုရမှ မေမေတို့အတိုးတွေကြေမှာ"

"ဟုတ်ကဲ့ပါ မေမေ"

ထိုသို့ပြောနေသည်ကို jumpol ကြားလေတော့သည်။

(မေမေတို့ရက်စက်လိုက်ကြတာ gunလေးကို။ မေမေတိူ့ကြောင့် gunသားကိုမုန်းနေတာ ဘာလို့လဲမေမေတို့ရယ် ဆောရီးပါမေမေနဲ့ညီလေး ကျွန်တော် ဒီကိစ္စကို မဖြစ်စေရဘူး gun ကိုကာကွယ်ရမယ်။ အမေတို့သားကို နှိမ်ချင်သလောက်နှိမ် မုန်းချင်သလောက်မုန်းပါ။ Gunကိုတော့မလုပ်ကြပါနဲ့လား)

jumpolတစ်ယောက်လဲ အတွေးများဖြင့်မျက်ရည်စများသည် မျက်လုံးတဝိုက်ရစ်ဝဲနေလေသည်။

"မေမေ သား အဆောင်သွားနေတော့မယ်"

"သွားပေါ့ လုပ်ချင်ရာသာလုပ် ငါ့ဆီလာပိုက်ဆံလာမတောင်းနဲ့"

"အမေသားကို ဘယ်‌တုန်းက မုန့်ဖိုးပေးဖူးလို့လဲ သားဟာသားမုန့်တောင်မစားရဘူးလေ။ ကျောင်းတတ်တော့လဲ ကိုယ့်ကြိုးစားမှုနဲ့ကိုပဲလေ"

" ဘာ ......jumpol နင်အဲ့လိုပြောဖို့ဘယ်က သတ္တိတွေရတာ ဟမ် ငါ့မှာနင့်က်ိုငယ်ငယ်ကတည်းက စောင့်ရှောက်လာခဲ့တာ  အခုတော့ဒီလိုကျေးဇူးဆပ်တယ်ပေါ့ ဟမ် နင်ဘာအချိုးချိုးတာလဲ"

"ဟေ့ကောင် မနေနဲ့ဆင်း ငါ့အိမ်က မင်းကိုဘယ်သူမှမတားဘူး"

Chapayara သခင်ကြီးသည်လဲ Jumpolနှင့်သူ၏ ဇနီးပြောဆိုသံများအားကြားကာ အိမ်ပေါ်မှဆင်းလာပြီးပြောလေသည်။

Jame မှာတော့ jumpolအိမ်ပေါ်ကဆင်းရတော့မည်ဖြစ်၍ ဝမ်းသာလျက်ပင်။ jumpolလဲ အကျီအဝတ်ထည်တချို့ယူကာ ထွက်လာခဲ့တော့သည်။
အိမ်တော်ထိန်း ကြီးမေသည် နောက်မှအပြေးလေးလိုက်ပြီး

"သားရယ် .....မသွားပါနဲ့လား"

"ကြီးမေ သားကိုမတားပါနဲ့နော်။သားဒီဆီမှာ မနေနိုင်တော့ဘုး။ ကြီးမေဆီကို သူတို့မရှိတုန်း လာလည်မှာပါ့နော်"

"အင်းပါ ငါ့သားလေးရယ် ဘေးကင်းပါစေနော်"

ခွဲခွာခြင်းမျက်ရည်များဖြင့်။

jumpol သည် စံအိမ်မှထွက်လာပြီး အဆောင်‌တွင်နေလေသည်။ အဆောင်ရှာအလုပ်ရှာ တို့ဖြင့် ရှုပ်နေသည်နှင် Tay နှင့်  ging တို့နှင့်ပင်မတွေ့နိုင်ပေ။ jumpolသည်  သူ၏အပြင်အသုံးစရိတ်အတွက် coffee shopလေးတစ်ခုတွင် အလုပ်ဝင်ခဲ့လေသည်။

ကျောင်းတတ်ရက်တရက်တွင်......

" jumpolမင်းဘယ်တွေပျောက်နာ ကျောင်းဆင်းရင် လစ်ခနဲဆို မြင်ကိုမမြင်လိုက်ရ"

"ဟုတ်ပ့"

"ငါအလုပ်လုပ်နေလို့ပါ ကော်ဖီဆိုင်မှာ"

နှလုံးသားမှာတည်တဲ့ ချစ်မေတ္တာ (completed)Donde viven las historias. Descúbrelo ahora