12 ဒီသီချင်းက Ging အတွက်ကိုး

67 13 0
                                    

ကျောင်းပိတ်ရက်တစ်ရက်တွင် gunသည် win နှင့်အတူ coffee dateလုပ်ဖို့ချိန်းထားသည်ဖြစ်သော်လဲ flowerလေးက သူလိုက်ချင်ပါသည်ဟု ဂျီကျနေသည်နှင့် ခေါ်ခဲ့ရတော့သည်။ dateဟုတ်ပါတော့မလား။ထိုမောင်နှမနှစ်ယောက် Adulkittiporn စံအိမ်သို့ရောက်သည့်အခါ winသည် သူ့မေမေပျိုမဒီနှင့်ဖုန်းပြောနေလေသည်။

☎️သား အဲ့မှာအဆင်ပြေလား
☎️ပြေတယ်မေမေ ဒီမှာသားအရမ်းပျော်နေပြီ။ ကိုကို jumpolတို့ကောရှိတော့ သား အဆင်ပြေတယ်
☎️သား win က သား jumpolနဲ့ အဆင်ပြေသားပဲ အကို Gunကမဆူဘုးလား သူတို့က ငယ်ငယ်ကတည့်သလောက် အခုတော့ တစ်ယောက်ကိုတစ်ယောက် မခေါ်ကြဘုး
☎️ဟုတ်တယ် မေမေ အကိုGunက အကို Jumpolကို စကားကိုတခါမှသိပ်မပြောဘူး။ ပြီးတော့လေ မေမေ သား အကို jumpolကိုတွေ့ရင်သားဝမ်းနည်းသလိုကြီး သားခံစားရတယ် မေမေ
☎️မေမေကောပဲ သား jumpolက သားအကို offနဲ့အသက်တူတူပဲမို့လေ မေမေသား offကိုသိပ်လွမ်းတာပဲ နောက်သုံးလနေရင် မေမေတို့ထိုင်းပြန်လာပြီး သားoffမွေးနေ့လုပ်ပေးမှာသား။
☎️ဟုတ်မေမေ ချစ်တယ် အဲ့ကျမှတွေ့မယ်နော် ဖေဖေနဲ့မေမေဂရုစိုက်အူံး။
☎️အေးပါငါ့သားရယ်

ဖုန်းပြောပြီးနောက် အောက်ထပ်သို့ဆင်းလာခဲ့သည်။

"အကို Gun ရောက်နေတာကြာပြီလား flowerလေးကော။ ကျွန်တော် မေမေနဲ့ဖုန်းပြောနေလို့ ဆောရီးနော် သွားကြစို့ "

" သူအတင်းလိုက်ချင်နေလို့ပါကွာ winရာ။ အဲ့ဆိုသွားကြမယ်လေ"

သူတို့သုံးဦးသည် တိုက်ဆိုင်စွာနှင့်ပင် Jumpolအလုပ်လုပ်သော ကျောင်းအနီးအနားရှိ coffee shop လေးဆီသို့ရောက်ရှိလာခဲ့သည်။ ထိုနေ့မှတိုက်ဆိုင်စွာ Tay နှင့်Ging တို့သည်လဲ ကော်ဖီသောက်ရင်း Jumpolနှင့်စကားပြောဖို့ ထွက်လာခဲ့သည်။ gunတို့ကအရင်ရောက်ကာ.....

"အကိုJumpol ဒီမှာအလုပ်လုပ်နေတာလား ဘာလို့လဲ အကိုက လုပ်စရာမလိုဘူးမဟုတ်ဘူးလား"

" Winတို့လာလေ ထိုင် အကိုကဒီမှာလုပ်နေတာ သုံးလလောက်ရှိပြီ အိမ်ပေါ်ကဆင်းလာပြီးကတည်းက မုန့်ဖိုးရှာတဲ့သဘောပါ"

" Winတို့ကျဘာမှလဲမပြောဘူး အကိုJumpolက ဘာလို့အိမ်ပေါ်ကဆင်းလာတာလဲ"

" Winလေးသိဖို့ ငယ်သေးတယ်နော် နောက်မှပြောပြမယ်။အခုတော့ထိုင်ကျအုံး"

Flowerမှာတော့အကိုJumpolအားကြည့်လျက် ဝမ်းသာ၊ ဝမ်းနည်းဖြစ်လျက် ။

(အကိုJumpolကစာတော်တယ်။ သဘောကောင်းတယ် အကုန်လုံးနဲ့လဲသင့်မြတ်တယ်။ အကိုကအခုကိုယ်ပိုင်ငွေလဲရှာနိုင်တော့အကို့အတွက်ဂုဏ်ယူတယ် အကိုဖျော်ပေးတဲ့ ကော်ဖီလေးသောက်ချင်လာပြီ)

"Flower...... Flowerလေး ဘာတွေငေးနေရတာလဲ ထိုင်လေ "

"ဟုတ်"

"သခင် Atthaphanလေးကောထိုင်ပါ အားလုံး ကော်ဖီပဲနော်"

"ကိတ်ကော အကိုJumpol"

နှလုံးသားမှာတည်တဲ့ ချစ်မေတ္တာ (completed)Hikayelerin yaşadığı yer. Şimdi keşfedin