21 နှလုံးသားမှာတည်တဲ့ ကိုရဲ့ Gun

192 20 3
                                    


သာယာအေးချမ်းလှပြီး နေမင်း၏အလင်းရောင် တချို့တစ်ဝက်ကျန်ရှိနေ သေးသည့် ညနေခင်းတစ်ခုတွင် Adulkittiporn စံအိမ်တော်မှပိုင်သော ဟိုတယ်၏ မြက်ခင်းပြင်တွင် ဂုဏ်သရေရှိ လူကြီးမင်းနှင့်တကွ အသိမိတ်ဆွေများ သတင်းထောက်များသည် နဂိုဝတ်စားဆင်ယင်ဟန်နှင့်မတူဘဲ အဖြူရောင်များကို ကျကျနန ဝတ်ဆင်ထားပြီး သားနားနေကြလေသည်။ အားလုံး၏မျက်နှာတွင်လဲအပြုံးပန်းကိုယ်စီဖြင့် ။ Adulkittiporn သခင်နှင့်သခင်မကြီးသည်လဲ ဧည့်သည်များကိုလှိုက်လံနှုတ်ဆက်ရင်း ။ winတို့သည်လဲ သတင်းအင်တာဗျူး‌ဖြေရင်း ၊ Ging နှင့် tay တို့ကတော့ သူ၏ချစ်သူငယ်ချင်း Off၏ အခန်းတွင်ဖြစ်လေသည်။

"မင်းအရမ်းချောတာပဲ Offရယ် သတို့သားကြီးပေါ့ သားနားနေချက်"

"ဟုတ်ပ့ နင့်ကိုငါ နှမြောတောင်လာပြီ"

"ဟဲဟဲ ငါ့ကိုကြွေနေကျတယ်မို့လား အခု ငါ့ရဲ့Gunလေးကော ငါမြင်ချင်လှပြီ ချစ်ဖို့ကောင်းနေမှာအရမ်း"

"နင်မြင်လို့မရဘုးလေ ဟဲဟဲ အချိန်ကျမှမြင်ခွင့်ရမှာပေါ့ ဘယ်လိုဖြစ်နေတာ"

"Gunလေးကိုမတွေ့ရတာ မနက်ကတည်းက နင်တို့တွေ ခွဲထားတာငါတို့ကို"

"ဟဲ့ဇွတ်နော် နင်အံ့ဩသွားအောင်ငါတို့က Gunကိုအစွမ်းကုန်ပြင်ဆင်နေတာကိုး"

"အေးပါ ယုံလိုက်မယ် Gunကဘာမှမပြင်ဘဲနဲ့ကို ချစ်ဖို့ကောင်းနေပြီးသား"

ထိုသို့ သူတို့သုံးယောက်စကားစမြည်ပြောနေချိန်တွင် Jumpol ဘဝ၌ ခင်တွယ်ခဲ့ရသော ကြီးကြီးမေသည် off။ ထံသို့ရောက်ရှိလာခဲ့သည်။

"သားလေး"

"ကြီးကြီးမေ သားဆီလာတယ်..... သားလိုက်ရှာနေတာ ဘယ်တွေရောက်နေရတာလဲဗျာ ကြိးကြီးမေအခုဘယ်မှာနေနေလဲ သားနဲ့ နေပါ့လား"

"ကြီးကြီးမေက နိုင်ငံအနှံ့ဘုရားစုံဖူးနေလို့ သားဆီမရောက်နိုင်ခဲ့တာပါ သားသတင်းတွေတော့အကုန်သိရပါတယ် ငါ့သားလေးကစိတ်ထားကောင်းလို့ သူတော်ကောင်းတွေနဲ့ဆုံစည်းရတာ"

"သားနဲ့လိုက်နေပါလား ကြီးမေရယ်"

"ကြီးကြီးမေ သားလက်ထပ်ပွဲကိုလာပြီး ငါ့သားလေးကိုလာကြည့်တာပါကွယ် ပြီးရင် ဗုဒ္ဓရဲ့အရိပ်အာဝါသ အောက်ကိုခိုလှုံတော့မှာ သားရဲ့"

"ကြီးကြီးမေတွက် သားဝမ်းသာပါတယ်"

"ငါ့သားလေး Gunလေးနဲ့အတူ အေးချမ်းတဲ့ဘဝပိုင်ဆိုင်နိုင်ပါစေကွယ်"

Jumpol ဘဝ၌ သူ့အားအမြဲ စောင့်ရှောက်ပြီး အပြစ်ပေးခံရတိုင်းထမင်းခိုး၍ ကျွေးတတ်သော ကြီးမေကို Off တင်းကျပ်စွာဖက်ရင်းဖြင့် အလွမ်းသယ်နေကြလေသည်။

တဖက်အခန်းတွင်လဲ သူ၏လူကြီးကိုလွမ်းနေသော ထိုကောင်လေး Gun...

"Flower နဲ့ Sun လို့Papiiနဲ့ဘယ်ချိန်တွေ့ရမှာလဲ"

"နေပါအုံးကိုကိုGunရဲ့ အချိန်မကျသေးဘူးလေ"

နှလုံးသားမှာတည်တဲ့ ချစ်မေတ္တာ (completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ