Mafia Queen ( Lady ) part 1. Z/ U

7.6K 148 2
                                    

မီးရောင်းစုံများဖြင့် စည်ကားသိုက်ကားသိုက်မြိုက်လှ မြို့ကြီးတစ်ခု၏ အလယ်တွင်ဖြစ်သည်။
ထိုမြို့လည်၏ နာမည်ကြီး Bar တစ်ခုတွင်တော့ မြူးကြွသော DJ သံစဉ်များဖြင့် လူအများကခုန်နေကြသည်။

ထိုအချိန် Bar ရှေ့သို့ အနက်ရောင် အဆင့်မြင့်ကားတစ်စီး
ထိုးရပ်လာသည်။ ထို့်နောက်အနောက်တိုင်း suite ဝတ်ထား
သောလူနှစ်ယောက်ကဆင်းလာပြီး တစ်ယောက်ကနောက်မှကားတံခါးကိုဖွင့်ပေးနေသည်။ ထိုကားတံခါးမှဆင်းလာသည်က အသက် 26 နှစ်အရွယ်မိန်းမပျိုလေးတစ်ယောက်ဖြစ်သည်။

အနီရောင် ကပ်ကပ်dress လေးသူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုထင်ရှားစေပြီး ဆံနွယ်ရွှေအိုရောင်များက
သူ့မရဲ့အလှတွေကို အသက်ဝင်စေသည်။

ရင်ပြတ်အင်္ကျီလေးဖြစ်မို့ သူမအသားရည် ဖြူဖြူလေးမှ
ပုံစံအမျိုးမျိုးသော tattoo တွေကအတိုင်းသား။
အထင်ရှားဆုံးက သူမ ဝဲရင်ဘက် သိန်းငှက် တစ်ကောင်
tattoo လေးက လုံးဝအသက်ဝင်စွာတည်ရှိသည်။

ထို့နောက် ရှေ့မှကြိုရောက်သော ကားမှာ အလားတူအနက်
ရောင် suite ဝတ်စုံများနှင့် လူငါးယောက်ထွက်လာပြီး
သူမဘေးအသီးသီး ဝန်းရံထားလိုက်သည်။
ပြီ်းနောက် Bar အတွင်းသို့ဝင် အပေါ်ဆုံးထပ်ရှိ VIP ခန်း
သို့ ဦးတည်လျှောက်သွားကြသည်။

VIP ခန်းရှေ့ရောက်သောအခါ ဘေးမှ အစောင့်တစ်ယောက်တံခါးဖွင်းပေး၍ ရှေ့မှဝင်သွားသည်။ သူမ နှင့် အစောင့်သုံး
ယောက်ပါ ထိုအခန်းတွင်းသို့်ဝင်လာပြီး ကျန်သူများက အပြင်
၌ စောင့်၍ ကျန်ခဲ့သည်။

အခန်းတွင်တော့ လူတစ်ယောက် ဆိုဖာကို ကျောမှီပြီး မိန်းမောနေသည့်ပုံ။
ထိုလူ၏ ရှေ့စားပွဲမှာတော့ အဖြူရောင်အမှုန့်များ ပြန့်ကျဲနေသည်။

"ငါ့ရောက်မှန်းတောင်မသိဘူး အရမ်းကောင်းနေပုံပဲ"

သူမ Cigarette တစ်လိပ်ကိုပါးစပ်နားတေ့တော့ ဘေးက
အစောင့်မှ အလိုက်တသိမီးညှိလာသည်။
ထိုဆေးစော တက်နေတယ့်သူလည်း သူ့မအသံအကြားတော့
မှိတ်ထားတယ့် မျက်ဝန်းများပွင့် ခေါင်းထောင်ကာ မပွင့်တပွင့်
ပြုံးရင်း

Mafia Queen ( Lady ) ( Complete )Where stories live. Discover now