Mafia Queen (Lady ) parts-26 Z/U

1.5K 64 5
                                    

Zawgyi ( Unicode ) 👇👇👇

" သခင်လေး Leo ဘယ်လိုမှ စုံစမ်းလို့မရဘူး အားလုံးခြေရာပျောက်နေတယ် "

မင်းဘယ်မှာလဲ Lady ရေ..မောင် ရင်တွေပူလှပီကွာ.....

" သခင်လေး သခင်လေး! ! "

" ဘာဖြစ်လို့လည်း Niko... "

" အပြင်မှာ အကို Ruses ရောက်နေတယ် "

Leo မျက်မှောင်ကျုံ့မိသွားနေသည်။ Lady ပျောက်ဆုံးသွားမှုက Ruses နဲ့ပတ်သတ်နေမလား။ Ruses ဆီသို့ သူအမြန်လျှောက်လာသည်။

" Leo..."

" Lady ဘယ်မှာလဲ Ruses.."

သူစိုးရိမ်ဒေါသကြောင့် Ruses ရဲ့အင်္ကျီကော်လံစကို ဆွဲကာ မေးလိုက်သည်။

" ငါ ဒါကိုပြောဖို့ပဲလာခဲ့ Leo "

သူနားမလည်ပါ။ Ruses ကခေါင်းညိမ့်ပြီး

" ဟုတ်တယ် Ava ရှိတဲ့နေရာကို ငါသိတယ် ဒါပေမယ့်ငါအကောက်ကြံပြီး ဖမ်းထားတာမဟုတ်ဘူး Vino သားဖမ်းထားတာ မင်းအချိန်မှီသွားမှ ဖြစ်မယ် Leo အဲ့ကောင်က စိတ်မမှန်ပဲ ဆေးကြောင်နေတဲ့ကောင် နောက်ကျသွားရင် Ava အတွက်စိုးရိမ်ရတယ် "

သူလွှတ်လိုက်ပြီး Niko ကိုကားအဆင်သင့်ပြင်ခိုင်းပြီး အလျင်အမြန် Ruses လမ်းညွှန်ရာသို့ထွက်လာလိုက်သည်။
သူတို့ချစ်သူနှစ်ယောက်ကြားကုန်းတိုက်ထားသောသူကိုမယုံကြည်သင့်တော့ဘူးထင် ပေမယ့် ဒီတစ်ခါတော့ယုံကြည်မိပါသည်။

Rusesသည် အာဏာတွေ သူမလေးကို ပိုင်ဆိုင်ချင်သောစိတ်တွေကတားဆီးမရတာအမှန်ပါ။ သို့ပေမယ့် သူမလေးကိုတော့ တစ်စုံတစ်ခုမှ ထိခိုက်မခံစေချင်ပါဘူး။ သူသိပ်ချစ်ရလို့ပါလေ....

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

" ဖြန်း..."

ပြင်းထန်တဲ့အားကြီးနဲ့ရိုက်ချက်ကြီးကြောင့် Ava နှုတ်ခမ်းထောင့်မှသွေးတွေစီးကျလာလေသည်။
ထို့နောက်သူမဆံပင်စုကာ ဆောင့်ဆွဲယူပြီး.

" အဟက် ဘယ်လိုလဲ ပျော်ဖို့ကောင်းတယ်မလား Queen လေး..."

နှုတ်ခမ်းထောင့်မှာပေနေတဲ့ သွေးတွေကို သူမလျှာနဲ့တစ်ချက်သပ်ယူပြီး...

Mafia Queen ( Lady ) ( Complete )Dove le storie prendono vita. Scoprilo ora