Mafia Queen ( Lady )parts-24 Z/U

1.3K 60 1
                                    

Zawgyi ( Unicode ) 👇👇👇

" မလာနဲ့...ရှင် ကျွန်မအနားမလာနဲ့ "

" မဟုတ်ဘူးနော် Lady မင်းအမြင်မှားနေတာ မောင်ရှင်းပြပါရစေကွာ "

" ဘာ! အမြင်မှားတာ ဟုတ်လား ကျွန်မမျက်စိနဲ့ တည့်တည့်မြင်နေရတာကိုလေ...."

သူမ ဒေါသကြီးစွာ အော်ဟစ်ပြောဆိုနေတော့ မောင်ဟာ ဝမ်းနည်းစွာ ခေါင်းကိုခါရမ်းရင်း...

" မင်းအမြင်မှားတာပါ Lady ရယ် "

" ကျွန်မ အမြင်မှားတာလား ကောင်းပြီ ဒါဆို ဒါတွေကရော"

သူမ လက်ထဲမှ ယူလာတဲ့ ဓာတ်ပုံ file အား မောင့်မျက်နှာတည့်တည့်ကောက်ပေါက်ပစ်လိုက်သည်။

Leo ဟာ သူဆီရောက်လာတဲ့ file ကို ကြည့်မိလိုက်ေ..တာ့ အံ့သြခြင်း မျက်ဝန်းတွေ...

ထို့နောက်ခေါင်းကိုသာ တစ်သွင်သွင်ခါရင်း Lady ကိုကြည့်လိုက်မိတော့ နာကျည်းခြင်း၊ မုန်းတီးခြင်း မျက်ဝန်းတွေကို တည့်တိုး ရင်ဆိုင်လိုက်ရသည်။

ဒီအချိန်ကိုရောက်လာပြီပဲ။ သူဘာမှ မပြင်ဆင်ရသေးဘဲ ပြင်ဆင်နေတဲ့ အချိန်မှာ ဒီအခြေအနေကို ရောက်လာပြီပဲ...💔

" မဟုတ်ဘူး..မဟုတ်ဘူး Lady မောင်....."

" ရှင့်ပါးစပ်ကိုပိတ်ထား...!"

"............"

" ကျွန်မ ဒီလို ယောက်ျားမျိုးတွေတစ်အားမုန်းတာ ရှင်သိပါတယ် တစ်ခါသစ္စာဖောက်ခံရဖူးတဲ့ လူမို့ ဒီလိုအခြေအနေတွေ ထပ်ဖြစ်မှာကို ကြောက်ရွံမိလို့ ကျွန်မထပ်မချစ်ခဲ့ဘူးလေ..
ဒါပေမယ့် ကျွန်မစိတ်တွေ အတတ်နိုင်ဆုံးချုပ်တီးခဲ့ပေမယ့် ရှင့်ကို ချစ်မိခဲ့တယ် အရမ်းယုံကြည်ခဲ့တာ..ဒါပေမယ့် ရှင်က..."

ဆက်မပြောနိုင်တော့ အသံတွေတိမ်ဝင်သွားခဲ့သည်။ သို့သော် Lady က မျက်ရည်တစ်ပေါက်မကျခဲ။
ခက်ထန်သော မျက်ဝန်းများဖြင့်သာ သူ့အားကြည့်နေလေရဲ့..

" ကျွန်မတို့ အခြေအနေကို ဒီမှာပဲ ရပ်လိုက်ကြရအောင် နှစ်ယောက်စလုံး သူစိမ်းတွေလိုပဲ နေကြရအောင် ရှင့်လို လူယုတ်မာ သစ္စာဖောက်...ရှင့်ကို ကျွန်မ အရမ်းမုန်းတယ် "

Mafia Queen ( Lady ) ( Complete )Donde viven las historias. Descúbrelo ahora