Zawgi ( Unicode ) 👇👇👇
" ကိုယ် တို့လမ်းခွဲကြရအောင် Ava "
ကို့ရဲ့ နှုတ်ခါးပါးလေးမှ ထွက်ပေါ်လာသော စကားလုံးများကို မယုံကြည်နိုင်စွာဖြင့်၊ မျက်ဝန်းအိမ်က မျက်ရည်များက တာကျိုးသည်ကဲ့သို့ ပါးပြင်ပေါ်သို့ အတားဆီးမဲ့စွာ အလုအရက် ခုန်ဆင်းလာကြသည်။
" ကို ဘာတွေပြောနေတာလဲဟင် Ava ကိုစနေတာမလား"
သူမက ခေါင်းတစ်ခါခါနှင့် သူရဲ့လက်ကို ဆုပ်ကိုင်လာသည်။
" ကိုယ် စနေတာမဟုတ်ဘူး Ava ကိုယ်တစ်ကယ်ပြောနေတာ မင်းနဲ့ ကိုယ်က လုံးဝမသင့်တော်ဘူး"
" ဟင့်အင်း ဘာကို မသင့်တော်တာလဲ ကို Ava မှာ ဘာအမှားရှိလို့လဲဟင် ကိုပြောပါ ကို မကြိုက်တာရှိရင် Ava ပြင်ပါ့မယ် ကိုရယ် အီး..အဟင့်ဟင့်"
ရှိုက်သံများရော ငိုသံများပါ ရောထွေးကာ သူမပြောဆိုနေမိသည်။
" ကို ပြောခဲ့တယ်လေ Ava တို့လက်ထပ်ကြမယ်လို့ ကို က Ava နဲ့ ဘဝကို ထူထောင်မယ်လို့်လေ အဟင့်ဟင့်"
" အဟက် ငါပတ်ခဲ့သမျှကို မင်းက ယုံနေတာပဲ မင်းလို ဘာမှမပြည့်စုံတဲ့ သူတစ်ယောက်ကို ငါက လက်ထပ်စရာလား အခု ငါမှာ မင်းထက် အဆတစ်ရာသာတဲ့ သတို့သမီးလောင်းရှိနေပြီ ဒါကြောင့် အခု ငါ့ကို အေးအေးဆေးဆေး လမ်းခွဲပေး "
ချစ်ရသူ၏ စကားလုံးများက ဤမျှရက်စက်လိမ့်မည်လို့ သူမ ဘယ်တုန်းကမှ မထင်မှတ်ခဲ့ဘူးပါ။ အားလုံးက အလိမ်အညာအတွေချည်းပါပဲ၊ ဒီအလိမ် အညာ တွေ သူမက အမှန်တကယ်ဟု ထင်မှတ်ကာ အမျိုးမျိုး စိတ်ကူးပုံဖော်နေမိသည်။
ကို့ ကို ချစ်လွန်းလို့ ယုံကြည်မိခဲ့သည်။ ဒါပေမယ့် ကိုက ဒီယုံကြည်မှုတွေကို ရိုက်ချိုးခဲ့သည်။ သူက ငွေကိုသာဘဝဟုထင်နေပုံရ၏။ ဒါကြောင့်လည်း သူမထက်သာတဲ့ ချမ်းသာတဲ့ အမျိုးသမီးကို ရွေးချယ်ခဲ့တာပေါ့။
" ကို သူ့ကို သိပ်ချစ်တာပဲလားဟင် "
ဝမ်းနည်းမှု တွေကို မြိုသိပ်ရင်း အက်ရှသော အသံလေးနှင့်ဆိုလိုက်တော့
" ဒါပေါ့ သိပ်ချစ်တာ "
ရက်စက်လိုက်တာ ကို ။ Ava လည်း ကို့ကို သိပ်ချစ်ခဲ့သူပါကို ။
KAMU SEDANG MEMBACA
Mafia Queen ( Lady ) ( Complete )
AksiBubble tea သောက်တယ့်.. ပန်းရောင်နှုတ်ခမ်း ထက်.. Cigarette သောက်တယ့် .. သူမ ရဲ့ ညိုတတနှုတ်ခမ်းလေးတွေက ပိုလှပြီးချိုမြိန်တာမျိုး.. ⏳⏳⏳⏳⏳⏳⏳⏳ အဟက်...ငါက အထီးကျန်ရင် Cigarette သောက်ပြီးပဲဖြစ်ဖြစ်၊ ဆေးရှူပြီးပဲ ဖြစ်ဖြစ် စိတ်ညစ်စရာတွေကိုဖျေဖျောက်တတ်တာ။ တစ်ချ...