Mafia Queen ( Lady )parts 13- Z/U

1.7K 70 1
                                    

Zawgi ( Unicode ) 👇👇👇

Leo သည် ကိုးနာရီ မထိုးခင်ကတည်းက ကြို၍ သူမဆီအပြေးရောက်လာမိ၏။ Leo ကို သိနေပြီးသား အစောင့်များက စစ်ဆေးခြင်း မရှိဘဲ အလွယ်တကူ ပင် ဝင်ခွင့်ပေးသည်။

" ဟာ Leo လာလေကွာ "

အန်ကယ် Louis က ဆိုဖာထိုင်ရင်း သတင်းစာ ဖတ်နေရင်းက သူ့အားတွေ့သဖြင့် ဝမ်းသာအားရ နှုတ်ဆက်ကာ စီးကြိုနေလေသည်။

" အန်ကယ် နေကောင်းတယ်နော် "

" ကောင်းပါတယ် မင်းလည်းအခုမှ လာတော့တယ် "

" ဟုတ်ကဲ့ အလုပ်တွေ ရှုပ်နေလို့ပါ "

" အင်း ပါရဂူ တစ်ယောက်ဆိုတော့ ဒီလိုပဲပေါ့ကွာ "

သူ့အား ရင်းနှီးဖော်ရွေစွာ ဆက်ဆံနေသော အန်ကယ် Louis ကိုကြည့်ရင်းပြုံးမိသည်။ တကယ်တော့ Lady တို့မိသားစုက အေးစက် ခက်ထန်တယ်လို့ ထင်ရပေမယ့် အတွင်းပိုင်းမှာ လွန်စွာနွေးထွေးသော စိတ်ထားရှိသူများသာ။
သို့သော် ပုံစံအစစ်အမှန်ကို ချမပြပေ။

" Ava ဆီလာတာလား "

အကဲခတ်တော်သော အန်ကယ်ကိုကြည့်ရင်း သူနည်းနည်းတော့ ရှက်နေမိသည်။ သို့သော် ဒါက ရှက်စရာမှ မဟုတ်တာ၊

" ဟုတ်တယ်ဗျ"

" အင်း သမီးငယ်က နံနက်စားပြီးကတည်း က ပြန်တက်သွားတာ နေဦး အန်ကယ် ခေါ်ခိုင်းလိုက်မယ် "

" ရတယ် အန်ကယ် Ava နဲ့ ချိန်းထားတာ "

" အော် သွားစရာ ရှိလို့လား"

" ဟုတ်ကဲ့ မိဘမဲ့ ဂေဟာ တစ်ခုကိုပါ"

သူ့စကားကြောင့် အန်ကယ်ကာ မျက်ခုံးများပင့်တက်သွားကာ တစ်ခုခုပြောရန်ပြင်လိုက်စဉ်

" ရောက်နေတာ ကြာပြီလား Leo "

နူးညံ့လှသော အသံလေးတစ်ခုကြောင့် မျက်လုံးများက လှေကားဆီသို့ရောက်သွားတော့သည်။ ဆင်းလာသူကို သူရော အန်ကယ် ပါ ပါးစပ်အဟောင်းသားဖြစ်ငေးနေမိသည်။

အမြဲလိုလို အနောက်တိုင်း dress တွေနဲ့ တွေ့မြင်နေကျ သူမက ယခုတော့ အဖြူရောင် ဇာ ရင်ဖုံးလက်ရှည် နှင့် အဖြူရောင် ဆကပ် ထဘီလေးနှင့် လှပသေ သပ်စွာ ။ ဆံနွယ်ရွှေအို ရောင်များကိုလည်း ချကာ နောက်သို့ တစ်ဝက်မျှယူစည်းထားသည်။

Mafia Queen ( Lady ) ( Complete )Where stories live. Discover now