Mafia Queem ( Lady ) parts 8-Z/U

1.9K 82 0
                                    

Zawgi ( Unicode ) 👇👇👇

နောက်တစ်နေ့ မနက် သူမနိုးတော့ သူမညာဘက်လက်ဖဝါးလေး တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ မည်မှပင် ကြာနေပြီမှန်းမသိ၊ ချွေးစေးများပင် ကပ်ညိနေပြီ။

သူမမျက်လုံးကို ဖွင့်ရင်းကြည့်လိုက်တော့ ဖြူသွယ်ပြီး အကြောစိမ်းကလေးများပင် ထောင်နေသော ယောက်က်ျားဆန်သော လက်တစ်ဖက်။

ဟင်? ဒီလူက တစ်ညလုံး ဒီမှာဘဲ အိပ်နေခဲ့တာလား?

ကုတင်ပေါ်တွင်မျက်နှာတစ်စောင်းတင်ရင်း သူမလက်ကို လွတ်ထွက်သွားမည် စိုးသည့်အလား ခပ်ကျစ်ကျစ် ဆုပ်ကိုင်လျက် အိပ်ပျော်နေသော သူ၏ မျက်နှာက လွန်စွာ ချောမောခန့်ညားလှသည်။
အထူးသဖြင့် အစိမ်းညို့ရောင် မျက်ခုံးတန်းများနှင့် အညိုရင့်ရောင် မျက်လုံးများ။

သူမ သည် Leo ၏ မျက်နှာကို အချိန်အတော်အတန်ကြာသည်အထိ စိုက်ကြည့်နေမိသည်။ ထို့နောက်သူမကိုယ်တိုင်ပင်သတိမထားမိခဲ့သော အပြုံးလေးတစ်ပွင့်က သူမ မျက်နှာ ဖြူနုနုလေးပေါ် လှပစွာ ချိတ်ဆွဲလျက်။

" အင်း..ဟာ နိုးပြီလား Ava "

သူမကြည့်နေရင်းက ရုတ်တရက်နိုးလာသောသူ့ကြောင့် လူမိသလို ဖြစ်သွားပြီး ချက်ချင်းပါး များရဲလာရတော့သည်။
သူကတော့ နဖူးလေးကိုအသာ စမ်းကာ

" အဖျားကင်းသွားပြီပဲ..."

ဟု သူမှတ်ချက်ပြုလိုက်သည်။

" ကိုယ်မျက်နှာ သစ်လိုက်ဦးမယ် Ava "

"အင်း.."

သူကတော့ ချိုသာတဲ့ အပြုံးတစ်ပွင့်ကို လက်ဆောင်ပေးရင်းရေချိုးခန်းဆီသို့ဝင်သွားသည်။
8 မိနစ်လောက်အကြာ ပြန်ထွက်လာရင်း

" ကိုယ် မင်းစားဖို့ တစ်ခုခု လုပ်ပေးမယ် Ava "

ပြောရင်း အခန်းအပြင်ထွက်မည်လုပ်တော့

" ကျွန်မ ရော လိုက်လို့ရမလား"

"........"

မထင်မှတ်ထားသည့် စကားကြောင့် သူအံသြ သွားရသည်။
အခု Lady က သူ့နောက်လိုက်ချင်သည်တဲ့လား။
ဒီစကားတစ်ခွန်းလေးက ဒီလောက်တောင် သူ့အား မျေါက်အုန်းသီးရသလို အိနြေ္ဒပျက်သွားစေသည်တဲ့လားယ

Mafia Queen ( Lady ) ( Complete )Tempat cerita menjadi hidup. Temukan sekarang