Mafia Queen ( Lady ) parts 31 Z / U

1.7K 59 3
                                    

Zawgyi ( Unicode ) 👇👇👇

" Boss ခနနေ ပါတနာတွေရောက်လာပါတော့မယ် "

ဘေးက အတွင်းရေးမှူးမလေး ပြောလာသည့်စကားကြောင့်
သူမခေါင်းညိမ့်ပြလိုက်ပြီး..

" အင်း စာချုပ်တွေအကုန်အဆင့်သင့်ဖြစ်ပြီလား "

" ဟုတ် ဖြစ်ပါပြီ Boss... "

Ava နေပြန်ကောင်းလာသည့်နောက်ပိုင်း မြေအောက်ဒုစရိုက်လောကနဲ့ မကျင်လည်ဖြစ်တော့ပေ။ အကြောင်းကား
မောင်နှင့်လက်ထပ်ရတော့မယ့်အတွက် ထိုလောက၌သူမဆက်မလည်ပတ်ချင်။ မောင်ကိုယ်တိုင်ကလည်း ထိုလုပ်ငန်းတွေကို ဖြတ်တောက်ပစ်ဖို့ အမြဲပြောနေသည်။

မောင့်စေတနာကိုနားလည်သလို မောင့်စကားကိုလည်းနားထောင်ချင်တဲ့အတွက် သူမကိုယ်တိုင် ယင်းလုပ်ငန်းများကိုလက်လွှတ်ခဲ့ပြီး သူမပိုင်သည့် Classic Company ကိုသာ ဖိစီးစွာလုပ်ကိုင်ခဲ့သည်။  Dad နဲ့ Justin ဘာမှမရှုံ့ချသလို ကြည်ဖြူခဲ့သည်။

ဒါတောင် မောင်က ကုမ္ပဏီမှာတောင် အလုပ်မလုပ်စေချင်ပေ။

" Lady ကလဲကွာ..ဘာတွေအပင်ပန်းခံနေမှာလဲ မောင်လုပ်ကျွေးနိုင်ပါတယ်ဆို ...ဘာလဲ မောင့်ကိုမယုံလား "

ကလေးဆန်စွာ နှုတ်ခမ်းဆူပြီး ပြောလာတဲ့ မောင့်ကိုသူမပြာပြာသလဲဖြင့်

" မဟုတ်ဘူးလေ မောင်ရယ် Ava ဒီတိုင်းကြီး မနေချင်လို့ပါ
ပြီးတော့ Classic ဆိုတာကလည်း Ava ဇွဲနဲ့တည်ထောင်ခဲ့တာလေ အဆုံးထိAva ထိန်းသိမ်းသွားချင်တယ်..."

" မဟုတ်ဘူး မောင်ပြောတာက...."

" နော်လို့...မောင်မကြိုက်တာတွေ Ava မလုပ်တော့ဘူး
ဆေးလိပ်သောက်တာမကြိုက်ဘူးဆိုလို့လည်းလျော့သောက်တာပဲ ဟော..အခုလဲ Mafia လုပ်တာမကြိုက်ဘူးဆိုတော့လည်း ချက်ချင်း ရပ်လိုက်တာပဲလား ဒါကိုတောင် မောင်က ဒါလေးတောင် မလိုက်လျောနိုင်ဘူးလား ဟင့်..."

အသည်းယားစရာမျက်နှာပေးနဲ့ ငိုသံရောကပ်ချွဲသံရောနဲ့ ရင်ဘက်ပေါ်မျက်နှာအပ်ကာပြောနေသော Lady ကြောင့်လူကအရည်ပျော်နေလေပြီ။ တကယ်တော့ သူချုပ်ချယ်တာမဟုတ်ရပါ။ ချစ်ရတဲ့အမျိုးသမီးလေးကို လုံးဝအပင်ပန်းမခံစေချင်တာပေ....

Mafia Queen ( Lady ) ( Complete )Dove le storie prendono vita. Scoprilo ora