Zawgi ( Unicode ) 👇👇👇
ကျောခိုင်းထားခဲ့တာ ကြာပြီဖြစ်တဲ့ မိမိပိုင်သည့် စံအိမ်ရှေ့ရောက်တော့ လူကဝေခွဲရခက်စွာနှင့်ဖြစ်နေသည်။
ဒါပေမယ့် သူမအတွက်တော့ သူလုပ်ရမည်။
သူမနှစ်သက်ပေမယ့် သူမအတွက်တော့ မဟာတံတိုင်းလိုအင်အားကြီးနေမှဖြစ်မည်။ သူဘာမှမစဉ်းစားတော့ စံအိမ်တွင်းသို့ ခပ်သွက်သွက် ဝင်ရောက်လိုက်သည်။" ဟာ သခင်လေး Leo"
သူ့ကိုမြင်တာနဲ့ အားရဝမ်းသာနှင့် အိမ်တော်ထိန်းဦးလေးကြီးက ရောက်လာသည်။
" သခင်လေး Leo လာတာ ဝမ်းသာလိုက်တာ မလာတာအတော်ကြာပြီ "
အိမ်တော်ထိန်းဦးကြီး ပြောသမျှကို ပြုံး၍သာ နားထောင်နေသည့် Leo ၏အပြုံး အတ္တတွေ ကင်းမဲ့စွာ။ အေးချမ်းလှသည့် အပြုံးသက်သက်သာ။
" အကိုကော ဦးကြီး"
" သခင်လေး Ruses က အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားတယ် သခင်လေး "
" အင်း ဦးကြီးလုပ်စရာရှိတာလုပ်ပါ ကျွန်တော် အခန်းထဲကပဲ စောင့်နေပါ့မယ် "
" ဟို... စံအိမ်ကိုပြန်လာတာလားဟင် "
အိမ်တော်ထိန်းဦးကြီး က မျှော်လင့်ချက်မျက်လုံးဖြင့် မေးလာတော့ သူကပြုံး၍
" အဟင်း ဆိုပါတော့ဗျာ အလုပ်ထွက်ပြီး ဒီကို ပြန်လာတာ"
" ဝမ်းသာလိုက်တာ သခင်လေးရယ် သခင်လေးမရှိတော့ ဒီစံအိမ်ကြီးက လုံးဝခြောက်ကပ်နေတာ ဘာနွေးထွေးမှု မှမရှိတော့ဘူး "
" အကို Ruses ရှိတာပဲ ဦးကြီးရဲ့ "
သူ့စကားကြောင့် ဦးကြီးက မျက်နှာပျက်စွာညိုးငယ်သွားသည်။
" ကဲ ကျွန်တော်သွားမယ် ဆန္ဒရှိရင် ဦးကြီးရဲ့ လက်ဖက်ရည်နှပ်လက်ရာလေး သောက်ချင်ပါ့ဗျာ "
သူ့စကားကြောင့် မျက်နှာကပြုံးယောင်သန်းသွားပြီး
" 10 မိနစ်သခင်လေး ဦးလေးအကောင်းဆုံး လုပ်လာပါ့မယ်"
" ကျေးဇူးဗျာ.."
Leo ကပြောရင်း အပေါ်ထပ်အခန်းသို့တက်သွားတော့သည်။ Leo ကိုကြည့်ရင်း အိမ်တော်ထိန်းကတော့ ပြုံး၍သာ။
ငယ်ငယ်တည်းက ကိုယ့်လက်ပေါ်ကြီးလာတဲ့ ကလေးမို့ Leo ၏ အကြောင်းအကုန်သိနေသည်။
![](https://img.wattpad.com/cover/309929917-288-k798122.jpg)
KAMU SEDANG MEMBACA
Mafia Queen ( Lady ) ( Complete )
AksiBubble tea သောက်တယ့်.. ပန်းရောင်နှုတ်ခမ်း ထက်.. Cigarette သောက်တယ့် .. သူမ ရဲ့ ညိုတတနှုတ်ခမ်းလေးတွေက ပိုလှပြီးချိုမြိန်တာမျိုး.. ⏳⏳⏳⏳⏳⏳⏳⏳ အဟက်...ငါက အထီးကျန်ရင် Cigarette သောက်ပြီးပဲဖြစ်ဖြစ်၊ ဆေးရှူပြီးပဲ ဖြစ်ဖြစ် စိတ်ညစ်စရာတွေကိုဖျေဖျောက်တတ်တာ။ တစ်ချ...