Zawgyi ( Unicode ) 👇👇👇
" မောင်....."
တိုးညင်းပေမယ့်ချိုသာစွာထွက်ပေါ်လာသော ၊သူမမျှော်လင့်ခဲ့သောမြတ်နိုးတွယ်တာရလွန်းသောအသံလေးတစ်ခု...
သူမယုံကြည်နိုင်သေးပါ။ သူပဲ အနားမယူတာများလို့ လွန်စွာမျှော်လင့်ခဲ့ရတာမို့ စိတ်ကပဲ ထင်ယောင်ထင်မှားဖြစ်လေသလား။
" မောင်...."
ဒုတိယအကြိမ်ထပ်မံထွက်ပေါ်လာသောအခါ...
" Lady...."
သူ Lady လက်အားဆုပ်ကိုင်ကာ ပျော်လွန်း၍ မျက်ရည်များဟာလည်း မိုင်ကုန်စီးကျလာလေသည်။
Lady က မျက်လုံးလေးမပွင့်တစ်ပွင့်နှင့် ရော့ရဲစွာပြုံးပြနေလေသည်။" Lady မင်းသတိရလာပြီ...မောင်သိပ်လွမ်းနေတာ မောင်မင်းကို အရမ်းသတိရနေတာ..."
အားရဝမ်းသာ လက်ကိုသာတင်ကြပ်စွာ မောင်က ဆုပ်ကိုင်ထားလေသည်။ သူမသိတာပေါ့။ မောင်တစ်ယောက်သူမ ကိုမျှော်နေတော့မယ်ဆိုတာ။ ဒါကြောင့်လည်း မောင့်ဆီကို
အမြန်ပြန်လာခဲ့တာပေါ့လေ....ထိုအချိန် ဒေါက်တာများကလည်းဝင်လာပြီး အံသြဝမ်းသာစွာစစ်ဆေးမှုတွေပြုလုပ်ပေးသည်။
" အင်း စိုးရိမ်စရာတော့ မရှိတော့ပါဘူး အားလုံးအဆင်ပြေ
ပြေဖြစ်သွားပြီ "" ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ "
Lady ရဲ့အဖေနဲ့အကိုကလည်း အလွန်ပျော်နေကြသည်။
" Dad သမီးလေးကိုအရမ်းစိတ်ပူနေတာ"
သူမ ခပ်ဖျော့ဖျော့သာပြုံးရင်း ကြည့်မိသည်။ တစ်လနီးပါး အိပ်ယာထဲလဲနေခဲ့တာမို့ လူကကိုယ်လက်တွေတောင့်နေသည်။
" ဟုတ်တယ် Ava ငါ့တို့အရမ်းစိတ်ပူခဲ့တာ နင်သာသတိပြန်မရတော့ရင် ဆိုတဲ့အတွေးက ငါတို့ကိုတော်တော်ခြောက်ခြားစေတယ် "
" ........"
" ပြီတော့ Leo ကိုပဲကြည့်နင့်ကြောင့်အရူးတစ်ပိုင်းဖြစ်ပြီးမအိပ်နိုင် မစားနိုင်နဲ့ လူတောင်အတော်ချောင်ကျသွားတယ်"
Justin ပြောမှ မောင့်ကိုသူမသေချာကြည့်မိသည်။ ဟုတ်ပါရဲ့ Ava ကြောင့် မောင်အရမ်းပင်ပန်းသွားရပြီ။ သူမမောင့်ကို တွေငေးလေးကြည့်မိသည်။
![](https://img.wattpad.com/cover/309929917-288-k798122.jpg)
VOUS LISEZ
Mafia Queen ( Lady ) ( Complete )
ActionBubble tea သောက်တယ့်.. ပန်းရောင်နှုတ်ခမ်း ထက်.. Cigarette သောက်တယ့် .. သူမ ရဲ့ ညိုတတနှုတ်ခမ်းလေးတွေက ပိုလှပြီးချိုမြိန်တာမျိုး.. ⏳⏳⏳⏳⏳⏳⏳⏳ အဟက်...ငါက အထီးကျန်ရင် Cigarette သောက်ပြီးပဲဖြစ်ဖြစ်၊ ဆေးရှူပြီးပဲ ဖြစ်ဖြစ် စိတ်ညစ်စရာတွေကိုဖျေဖျောက်တတ်တာ။ တစ်ချ...