.4.

331 44 4
                                    

ဂျယ်ဟျွန်းက ရုံးခန်းအပြန်မှာ သားအတွက် ဘောလုံးဝင်ဝယ်လိုက်သည်။ ရုံးခန်းကို ရောက်တော့အတွင်းရေးမှုးက စောင့်နေလေရဲ့..

"အဆင်ပြေခဲ့တယ်မလား ဆရာ.."

"အိုခေတယ်..."

"ကျွန်တော် သောက်စရာယူခဲ့မယ်နော်.."

"ကျေးဇူးပဲ.."

ဂျယ်ဟျွန်းက ရုံးခန်းထဲဝင်သွားလိုက်ပြီးနောက် ကုတ်ကိုချွတ်ကာ အဝတ်ချိတ်တွင် ချိတ်လိုက်သည်။ ကုတ်အတွင်းအိတ်ထဲက လိပ်စာကတ်လေးကို ထုတ်ကြည့်လိုက်သည်။

အမဲရောင်အောက်ခံမှာ ရွှေရောင်စာလုံးလေးတွေဖြင့် နာမည်ကို ရေးသားထားပုံက အရမ်းကိုပင် အီထယ်ယုံးဖြင့် လိုက်ဖက်လွန်းလှသည်။

ကတ်လေးကိုချရင်း ကွန်ပြူတာကိုဖွင့်ကာ မိုရင်းဂရုရဲ့အကြောင်း ပြန်ရှာကြည့်မိလိုက်သည်။ ဒီတစ်ခါမှာတော့ စီအီးအို အီထယ်ယုံးအကြောင်း သတင်းဟာ ထိပ်ဆုံးကနေ တက်လာပါတော့သည်။

သတင်းကတော့ တခြားမဟုတ်..မိုရင်းဂရုရဲ့ ဟိုတယ်အသစ်မှာ သုံးနေကျ ပရိဘောဂဒီဇိုင်းတွေမသုံးတော့ပဲ ပြောင်းလဲသုံးမည်ဆိုတဲ့အကြောင်းပင်...။ စီအီးအို အီထယ်ယုံးဟာ အမြော်အမြင်ကြီးစွာဖြင့် စျေးကွက်ကို ပိုမိုဖြန့်ကျက်နေတယ်ဆိုတဲ့ အကြောင်း...

စိတ်ဝင်စားစရာပါပဲလားး...။

ဂျယ်ဟျွန်းက နာရီကိုကြည့်လိုက်တော့ သားကျောင်းဆင်းဖို့ တစ်နာရီတောင် လိုနေသေးသည်။ ဒီနေ့တော့ သားရဲ့အခန်းအတွက် ကုန်ကြမ်းပစ္စည်းတွေ ဝယ်ရင်း ပြင်ဆင်ပေးဖို့ စဉ်းစားထားတာဖြစ်သည်။

"ယူမင် ကျွန်တော်သွားနှင့်ပြီနော်.."

"ဟုတ်ကဲ့ ဆရာ..ကျွန်တော်လည်း လက်စသပ်ပြီးရင် ရုံးဆင်းလိုက်ပါ့မယ်.."

ဂျယ်ဟျွန်းက အွန်လိုင်းကနေ ရှာထားတဲ့ ပစ္စည်းဆိုင်တွေကို အရင်ဝင်လိုက်ပြီး လိုအပ်တာတွေဝယ်လာခဲ့လိုက်သည်။ LAက အိမ်မှာလို ချွတ်စွပ်မလုပ်ပေးနိုင်ပေမယ့် သားအတွက် စိတ်လုံခြုံတဲ့နေရာလေး ဖန်တီးပေးချင်သည်။

ကွန်ဒိုပြန်ရောက်တော့ ရေအေးအေးလေးတစ်ခွက် အရင်သောက်လိုက်ပြီးနောက် ရှပ်အင်္ကျီအဖြူကို လက်တံတောင်ဆစ်ထိ ခေါက်တင်လိုက်သည်။

Try again //TYxJH//Where stories live. Discover now