.26.

364 41 0
                                    


"အာပါး ဆံပင်တွေဖြူသွားပြီလား၊ အဘိုးကြီးဖြစ်သွားတာလား"

အိမ်ပြန်လမ်းတစ်လျှောက်လုံး ဆောင်းချန်းက တအံ့တသြဖြင့်မေးနေတာ အိမ်ရောက်တဲ့အထိ။

အခုလည်း သူတို့အိပ်ခန်းထဲ လာဆော့နေကြပြီး ထယ်ယုံးကို တွန်းလှဲထားကာ တက်ထိုင်လို့ ဆံပင်တွေကို ကိုင်ကြည့်ရင်း မေးနေတာဖြစ်သည်။

"မဟုတ်ပါဘူးဆို ချန်းနီးကလည်း၊ အဲ့တာ အရောင်ဆိုးထားတာ၊ အာပါးက အရင်တုန်းကလည်း အရောင်တွေက ခဏခဏဆိုးတာ။ "

"ဟုတ်လား "

ထယ်ယုံးဘေးနားထိုင်ပြီး အရုပ်ဆက်နေတဲ့ ဂျဲနိုက ဝင်ဖြေလာတော့ ဆောင်းချန်းက နှုတ်ခမ်းလေးဆူရင်း စိုက်ကြည့်နေပြန်သည်။

"အာပါး ဆံပင်ဆေးဆိုးထားတာကို ပထမဆုံးမြင်လိုက်ရတာမို့ ထူးဆန်းနေတာလား"

ထယ်ယုံးက ဆောင်းချန်းရဲ့ ပါးလေးကို လိမ်ဆွဲလိုက်သည်။

"ကြည့်မကောင်းဘူးလား"

ထိုမေးခွန်းကိုတော့ ဆောင်းချန်းက အလျင်အမြန်ခေါင်းခါပြကာ

"ဟင့်အင်း ချောတယ်။ "

ဆောင်းချန်းက ထယ်ယုံးကိုဖက်ကာ လှဲချလာတော့သည်။

"ဒီလို ကြည့်ကောင်းတဲ့အာပါးက ချန်းနီးအာပါးဖြစ်နေလို့ တော်သေးတယ်။ "

"အိုက်ဂူး အာပါးရဲ့ သားသားလေး"

ထယ်ယုံးက ဆောင်းချန်းကို တင်းကျပ်စွာဖက်ရင်း ဆံပင်လေးကိုနမ်းလိုက်သည်။ ထိုအခါ ဂျဲနိုကပါ ထယ်ယုံးလက်တွေကြားထဲတိုးဝင်လာသည်။

"သားသားလည်း ဖက်မယ် "

"လာကွာ နှစ်ယောက်လုံးကို ဖက်ထားမယ်။ "

"ဒယ်ဒီလည်း လာလေ "

ကုတင်ခြေရင်းနား လက်ပိုက်ကာ မတ်တပ်ရပ်နေတဲ့ ဂျယ်ဟျွန်းက ရယ်ရင်း သားအဖသုံးယောက်ပေါ် အုပ်မိုးလှဲချလိုက်တော့သည်။

"ချစ်တယ် ချစ်တယ်။ "

"သားသားရောပဲ ချစ်တယ် "

"သားရော သားရော "

အိပ်ခန်းလေးထဲ ရယ်သံလေးတွေဟာ ညံစီနေပါတော့သည်။

Try again //TYxJH//Dove le storie prendono vita. Scoprilo ora