.9.

400 37 5
                                    

"အာပါး ဒယ်ဒီက ယူရီကိုဖုန်းဆက်တယ်။ ခုံလေးလုပ်ပြီးပြီတဲ့
အဲ့တာ သားသား သွားယူချင်တယ်။ "

"မင့်ဒယ်ဒီက လာမပို့ဘူးတဲ့လား"

"ဒယ်ဒီက အလုပ်တွေရှုပ်နေလို့တဲ့၊ လုပ်ပါ သား ချန်းနီးကိုလည်း အရုပ်တွေ ပေးချင်လို့ ၊ အာပါး မအားရင် ဒရိုက်ဘာဦးဦးနဲ့ ယူရီနဲ့ပဲ သွားလိုက်မယ် နော် နော် အာပါး "

ဂျဲနိုက သတင်းစာဖတ်နေတဲ့ ထယ်ယုံးကို လှုပ်ခါရင်း ​ပြောနေတာမို့ ထယ်ယုံးက သတင်းစာကို ပိတ်ပြီး ခုံပေါ်တင်လိုက်သည်။

"အာပါးကို အာဝါးပေး"

ထယ်ယုံးက နှုတ်ခမ်းဆူပြတော့ ဂျဲနိုက ပြွတ်ခနဲလာနမ်းသည်။

"သွား ချန်းနီးကို ပေးမယ့်အရုပ်တွေ သေချာထည့်ခဲ့၊ဘာမှ မကျန်ခဲ့စေနဲ့ "

"yayy"

သားက သူ့စကားကြောင့် ယူရီလက်ကိုဆွဲလို့ အခန်းထဲပြေးဝင်သွားတော့သည်။

ထယ်ယုံးလည်း အဝတ်အစားလဲကာ ကားသော့ကိုယူပြီး ခြံထဲဆင်းလိုက်သည်။ နောက် ကားသော့ကို ခြံစောင့်ဆီပစ်ပေးပြီး ကားထုတ်ခိုင်းထားလိုက်သည်။

သိပ်မကြာခင်မှာပဲ သားက လက်ဆွဲအိတ်ကြီးကြီးကို မ,ကာ ထွက်လာပါတော့သည်။ သားလက်ထဲက အရုပ်အိတ်ကို ကားနောက်ခန်းထဲ ထည့်ကာ သားကို ကလေးခုံပေါ် တင်ပေးလိုက်သည်။

"ယူရီ ငါ့ကို လိုကေးရှင်းထည့်ပေး"

လမ်းညွှန်စက်မှာ နေရာထည့်ပြီးတဲ့နောက် ကားလေးကိုမောင်းလာခဲ့ပါတော့သည်။

ထယ်ယုံးတို့အိမ်နဲ့ ဂျယ်ဟျွန်းတို့ကွန်ဒိုက ၁နာရီခွဲလောက်တော့ မောင်းယူရသည်။ ညတိုင်း ချန်းနီးကို လာကြိုပြီးပြန်ရင် ဒီလောက်အကြာကြီး မောင်းရရှာတာပေါ့ ။

ထယ်ယုံးက မှန်ကနေ သားကိုလှမ်းကြည့်မိတော့ သားက ပြုံးရွှင်ကာ သူ့ကိုကြည့်နေသည်။

"ပျော်နေတယ်ပေါ့"

"အင်း ဒယ်ဒီကို မတွေ့ရတာကြာပြီလေ "

"ငါ့သားက ဒယ်ဒီကိုချစ်လိုက်၊အိုတိုစံကို ချစ်လိုက်နဲ့ အာပါးကိုရေ ချစ်သေးလား"

Try again //TYxJH//Donde viven las historias. Descúbrelo ahora