.11.

444 46 6
                                    

"ကျေးဇူးပါပဲ အတွင်းရေးမှူးချွဲ၊ အလုပ်ပိတ်ရက်ကိုပါ လိုက်ကူပေးလို့"

"မဟုတ်တာပဲ ဆရာ၊ မှန်မှန်ပြောရရင် ဆရာ ကုမ္ပဏီစထောင်ကတည်းက တူတူရှိလာတာဆိုတော့ ကျွန်တော့်အတွက်လည်း မိသားစုလိုပါပဲ။ "

"ကျွန်တော်ရောပါပဲ "

ဂျယ်ဟျွန်းက အတွင်းရေးမှူးရဲ့ပုခုံးကို ပုတ်လို့ showroom အဆောက်အအုံကနေ ထွက်လာခဲ့ကြသည်။ အဆောက်အဦးက အကုန်ပြီးသလောက်ဖြစ်နေပြီး ပရိဘောဂ sampleတွေ နေရာချဖို့ပဲ ကျန်တော့တာဖြစ်သည်။

"အာ ဒါနဲ့ ဆောင်းချန်းကို သွားကြိုရဦးမလား"

အတွင်းရေးမှူး အမေးကြောင့် Hyungပြောခဲ့တဲ့ ကိုယ်တိုင်လာကြို ဆိုတဲ့စကားကို ကြားယောင်မိသွားသည်။

"ရတယ် ကျွန်တော်ပဲ ကြိုလိုက်ပါ့မယ်၊ အတွင်းရေးမှူး ရုံးဆင်းလို့ရပြီနော် "

ဂျယ်ဟျွန်းက အပြန်လမ်းတွင်တော့ ကလေးတွေအတွက် ရေခဲမုန့်ဝင်ဝယ်ခဲ့ပါသေးသည်။

...

ခြံရှေ့ရောက်တဲ့အခါ ခြံစောင့်ဦးလေးကြီးက တံခါးလာဖွင့်ပေးရင်း နှုတ်ဆက်သည်။

"သူဌေးဂျောင်း မတွေ့ရတာတောင် ကြာပြီ။ "

"ဟုတ်တယ်ခင်ဗျ၊ လုပ်ငန်းက အခုမှတိုးချဲ့တုန်းဆိုတော့လေ၊ ကလေးတွေ ရှိတယ်မလား"

"ခုနလေးတင်မှ ယူရီနဲ့ ကစားကွင်းသွားကြတယ်။အစ်ကိုလေးတော့ ရှိနေတယ် ဝင်သွားလိုက်ပါ။ "

"ဟုတ်ကဲ့ "

ဂျယ်ဟျွန်းလည်း ဆင်ဝင်အောက် ကားလေးကိုရပ်ကာ ရေခဲမုန့်အိတ်လေးကို ဆွဲယူ၍ ဝင်လာခဲ့သည်။ အိမ်မကြီးတံခါး ပိတ်ထားတာမို့ တွန်းဖွင့်ရင်း ဝင်လာတဲ့အခါ ဘယ်သူမှမရှိတဲ့ ဧည့်ခန်းက ဆီးကြိုနေသည်။

"ဟင် Hyung အိပ်နေလို့များလား"

ရေခဲသေတ္တာထဲ ရေခဲမုန့်သွားထည့်ပြီး ဧည့်ခန်းပြန်လျှောက်လာတော့ hyung အခန်းထဲကနေ အသံတချို့ကို ကြားလိုက်ရသည်။

Hyung တစ်ခုခုများဖြစ်နေလား အထင်ဖြင့် အခန်းနားသွားကာ တံခါးကိုဖြေးဖြေးချင်းတွန်းဖွင့်လိုက်သည်။မတော်လို့ အိပ်နေရင် လန့်သွားမည် စိုးတာကြောင့်ပင်။

Try again //TYxJH//Tempat cerita menjadi hidup. Temukan sekarang