.24.

333 44 0
                                    

ဂျယ်ဟျွန်းက ရေမိုးချိုးပြီးတဲ့အခါ အဝတ်အစားလဲလို့ အခန်းပြင်ထွက်လာခဲ့သည်။

"ဒယ်ဒီ ၊ အာပါး ခုနဖုန်းဆက်တယ်၊ ဒယ်ဒီ့ဆီဆက်တာ မကိုင်လို့တဲ့။"

ဂျယ်ဟျွန်း အခန်းထဲက ထွက်လာတာနဲ့ ဂျဲနိုက လှည့်ပြောသည်။

"ဟုတ်လား။ ဒယ်ဒီ ဖုန်းအသံပိတ်ထားမိတာနဲ့ မသိလိုက်ဘူး။ အာပါးက ဘာပြောသေးလဲ"

"နောက်တစ်ခါ ဂျပန်ကိုတူတူသွားလည်ကြမယ်တဲ့၊ သွားမယ်နော်"

"သွားမှာပေါ့။"

"အာပါးက ဖုန်းဆက်ဦးလို့လည်း ပြောသေးတယ်"

ကြမ်းပြင်တွင်ထိုင်ကာ leggo ဆက်နေတဲ့ ဆောင်းချန်းက ဝင်ပြောမှ ဂျယ်ဟျွန်းက အခန်းထဲ ပြန်ဝင်ကာ ဖုန်းကို ယူကြည့်လိုက်မိသည်။

Missed callများစွာနဲ့အတူ မက်ဆေ့တွေဝင်နေတာမို့ နှုတ်ခမ်းကို ဖိကိုက်မိလိုက်တော့သည်။

သေချာပေါက် သူချော့ရတော့မှာ။

ချက်ချင်းပဲ call button ကို နှိပ်လိုက်ပြီး မကြာခင်မှာပဲ ဖုန်းပြန်ဖြေလာသည်။

"Hyung ရောက်တာ ကြာပြီလား"

"ကြာပြီ၊ ကိုယ်အိပ်နေလို့ ဒါပဲ"

"Hyung Hyung Hyung "

တိခနဲ ပြတ်ကျသွားတဲ့ ဖုန်းသံကြောင့် ဂျယ်ဟျွန်းမှာ လေပူတွေကို မှုတ်ထုတ်လိုက်မိတော့သည်။

"အရုပ်တွေ သိမ်းလိုက်တော့၊ ဂျဲနို စာလုပ်မယ်။ "

"ဟုတ် ဒယ်ဒီ "

ကလေးတွေက leggoတွေကို သေချာသိမ်းဆည်းပြီး အပေါ်ထပ် ပြေးတက်လို့ ကျောပိုးအိတ်လေးတွေ ကိုယ်စီ ယူချလာတော့သည်။

ဂျဲနိုက စာမေးပွဲဖြေရန်အတွက် စာကြည့်နေပြီး စာလုပ်စရာမရှိတဲ့ ဆောင်းချန်းက ပုံထိုင်ဆွဲနေတာဖြစ်သည်။

"ချန်းနီးက ဒီမှာ လာဆွဲပါလား ၊ Hyung စာလုပ်နေတာ အာရုံနှောက်နေဦးမယ်။"

"Hyung အာရုံနှောက်လားဟင် "

ဆောင်းချန်းက ဂျဲနို့မျက်နှာလေးကို လှမ်းကြည့်ကာ မေးလေတော့ ဂျဲနိုက ခေါင်းခါကာ

Try again //TYxJH//Donde viven las historias. Descúbrelo ahora