.2.

328 47 0
                                    

အတန်းပိုင်ဆရာရဲ့ ဆက်သွယ်မှုကြောင့် ဂျယ်ဟျွန်းမှာ ကျောင်းကိုထပ်လာရသည်။သားကိုယ်တိုင်က လိုလိုချင်ချင်ဖြင့် ကျောင်းသွားမယ်ဆိုလို့ ပို့ပေးခဲ့တာ...

"မင်္ဂလာပါ ဂျောင်းဆောင်းချန်းရဲ့ အဖေ ဂျောင်းဂျယ်ဟျွန်းပါ။ "

ဂျယ်ဟျွန်းက ဆရာနဲ့နှုတ်ဆက်ပြီးနောက် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

"တခြားတော့ မဟုတ်ပါဘူး..ဆောင်းချန်းက သူ့ကိုကူညီခဲ့တဲ့ဂျဲနိုနဲ့ တူတူကျောင်းတက်ချင်တယ်လို့ ပြောလို့ပါ..ဂျဲနိုကကျ မူလတန်းပထမနှစ်ဆိုတော့ အတန်းမတူဘူးလေ..မရဘူးလို့ပြောတော့ ကလေးက အရမ်းခေါင်းမာနေတာနဲ့"

ဂျယ်ဟျွန်းက နက်ခ်တိုင်ကို ဖြေလျော့ရင်း လေပူတွေကိုမှုတ်ထုတ်မိသည်။

"ဆောင်းချန်းက မူကြိုတက်ခဲ့ပြီးသားပါ ..ကိုရီးယားနဲ့ပညာရေးစနစ်မတူလို့သာ ဒီမှာမူကြိုပြန်တက်နေရတာ..ဟိုဘက်ကစနစ်နဲ့ဆို သူ မူလတန်းစတက်လို့ရတဲ့အရွယ်ပါ.."

"ဟုတ်ပါတယ်.. တခြားထက် ဆောင်းချန်းက ကိုရီးယားလို လုံးဝမပြောတော့ မူလတန်းကို တင်ပေးလိုက်ဖို့ကလည်း အခက်အခဲတော့ဖြစ်ပါတယ်။ "

"သူပြောတတ်ပါတယ် ဆရာ..ရေးပဲမရေးတတ်တာ..."

အတန်းပိုင်ဆရာက ဂျယ်ဟျွန်းကို ဆောင်းချန်းရှိနေတဲ့ မူလတန်းအခန်းဆီ ခေါ်သွားပြသည်။ အပြင်ဘက်မှန်ကနေ အထဲကို ကြည့်လိုက်တော့ သားက ဂျဲနိုဆိုတဲ့ကလေးနဲ့ စကားတွေပြောကာ ရယ်မောနေလေသည်။

"ဆရာသိလား..သားရဲ့ အဲ့အပြုံးလေးကို နောက်ဆုံးမြင်ခဲ့ဖူးတာ ဘယ်တုန်းကမှန်းတောင် မမှတ်မိတော့ဘူး...အခုမှပဲပြန်တွေ့ရတော့တာ...သားက စိတ်ဒဏ်ရာအများကြီးရှိတဲ့ကလေးပါ...ဒီလိုမျိုး တစ်ခုခုကိုခေါင်းမာပြီး လိုချင်တယ် ဖြစ်ချင်တယ်ဆိုတာ တစ်ခါမှမရှိခဲ့ဖူးဘူး.."

ဂျယ်ဟျွန်းက မျက်ရည်တွေကို သုတ်လိုက်ကာ ဆရာ့ဘက်ပြန်လှည့်လိုက်သည်။

!ကျောင်းအုပ်ကြီးနဲ့ ပေးတွေ့ပါလား..ကျွန်တော် ကိုယ်တိုင်တောင်းဆိုကြည့်ပါမယ်...အတန်းပြောင်းလို့မရရင်တောင် တစ်နေ့ကို ဘယ်နှစ်နာရီလောက်ပဲဖြစ်ဖြစ် ဂျဲနိုနဲ့ အတူတူဆော့လို့ရအောင်...ကူညီပေးပါ..."

Try again //TYxJH//Onde histórias criam vida. Descubra agora