.25.

416 43 3
                                    


ယုထာပြောတဲ့စကားတွေက ထယ်ယုံးခေါင်းထဲက မထွက်နိုင်ဘဲ ဖြစ်နေလေသည်။ ခြံဝန်းအကျယ်ကြီးလမ်းလျှောက်ရင်း ဂျပန်ရဲ့လေထုက သူ့နှာခေါင်းထိပ် တဝဲဝဲလည်လည်ဖြစ်နေသည်။

ခေါင်းရှုပ်နေတာတွေရှင်းဖို့ ထယ်ယုံးက အိမ်ထဲပြန်ဝင်လိုက်ပြီး သော့ယူလို့ ယုထာရဲ့ ကားတစ်စီးကို ဆွဲထုတ်လိုက်တော့သည်။

.

"ယောင်းဟို ရောက်ပြီပဲ၊ လာမကြိုနိုင်လို့ ဆောရီးကွာ "

"ရပါတယ် "

ယောင်းဟိုက အထုတ်အပိုးတွေချပြီးတာနဲ့ လက်ဆေးကာ မင်ဟျောင်းလက်ထဲက ကလေးကို ချီဖို့လုပ်တော့သည်။

ရုတိုက မျက်လုံးလေးဝိုင်းကာ ပြူးကြည့်ရင်း ယောင်းဟိုလက်ထဲပါလာလေသည်။

"သားသားကလေး"

ယောင်းဟိုက ရုတိုကို ချီမြှောက်ကာ ချော့မြူတော့ လက်ကြိုက်တဲ့ ရုတိုက ပြုံးပျော်လာတော့သည်။

"အကြီးကြီးပါပဲလား သားသားက၊ ဂျဲနိုတုန်းကထက်တောင် ပိုကြီးသေးတယ်။ "

တစ်တုံးတစ်ခဲရုတိုကို ယောင်းဟိုက ပွေ့ချီထားပြီး ပါးလေးကို တရှုံ့ရှုံ့နမ်းနေလေသည်။

"တော်တော့ကွာ၊ ငါ့သားလည်း ပါးပိန်တော့မယ်၊ ထယ်ယုံးကလည်း နှာခေါင်းပဲ လာလာထိုးနေတာ"

"ကျွန်တော့်ကို ပေး Hyung"

မင်ဟျောင်းက ရုတိုကိုပြန်ချီသွားသည်။

"ထယ်ယုံးဆိုမှ သတိရတယ်၊ သူဘယ်ရောက်နေတာလဲ အိပ်နေတာလား"

"ညနေက အပြင်ထွက်သွားတာပဲ၊ ဘာမှတော့မပြောသွားဘူး "

"အင်း၊ မိုရင်းကိစ္စပြောစရာရှိလို့ "

"ဘာကိစ္စလဲ"

"သူ့အဖေ မိုရင်းကို သိမ်းဖို့ကြိုးစားနေတဲ့ပုံပဲ၊ ရှယ်ယာတွေ လိုက်စုနေတာ "

"ဘာ "

"ငါ စုံစမ်းကြည့်သလောက် ဂျယ်ဟျွန်းနဲ့ကိစ္စကို သိပြီး လုပ်နေတာဖြစ်မယ်။ အဲ့တာကြောင့် ရှယ်ယာတွေကို နာမည်ခွဲတွေနဲ့ ဖြန့်ထားပြီး သူ့အဖေ ဝယ်လို့မရအောင် လုပ်ထားတယ်။ "

Try again //TYxJH//Место, где живут истории. Откройте их для себя