.3.

341 45 0
                                    

A/N

စာရေးသူရဲ့ FB accမှာ ပြောထားပြီးပြီဆိုပေမယ့် ဒီမှာလည်း ထပ်ပြောလိုက်ပါမယ်။ ဒီ Ficဟာ Explicit (E rated) ဖြစ်ပါတယ်။ Rated အခန်းတွေ ပါလာမှာဖြစ်ပြီး အသုံးအနှုန်းတွေလည်း ကြမ်းမှာပါ။
ဒါကြောင့် ဒီလို contentမျိုးကို မကြိုက်သူတွေ၊ အဆင်မပြေတဲ့သူတွေက ဒီနေရာမှာပဲ drop လိုက်ပါ။
စာရေးသူ ကြိုပြောရဲ့နဲ့ ဖတ်ပြီးကာမှ blameခြင်း မလုပ်ဖို့ ပြောပါရစေ။
                        X

"ဆရာပြန်ရောက်ပြီလားး သတင်းကောင်းရှိတယ်..."

အတွင်းရေးမှုးက ဖိုင်တွဲတစ်ခုကိုကိုင်လာကာ သူ့စားပွဲခုံပေါ်တင်ပေးသည်။

"ဆရာသာ အဆင်ပြေရင် မိုရင်းဂရုက မနက်ဖြန် နေ့လယ်မှာ အစည်းအဝေးလုပ်ချင်ပါတယ်တဲ့.."

"What!! တကယ်?? "

ဂျယ်ဟျွန်းက စာအိတ်ကိုဖွင့်ကြည့်လိုက်သည်။သူ့ဆီ တလေးတစားဖြင့်  ပြန်ပို့ပေးလာတဲ့ အချက်အလက်တွေ..တချိူ့ကျ ကုမ္ပဏီအသေးလေးတွေဆိုပြီး နှိမ်ချင်ကြတာများသည်။
မိုရင်းဂရုက သူတို့လိုချင်တဲ့ အချက်အလက်တွေနဲ့ ပုံစံတွေကို သေချာရှင်းပြထားပေးသည်။

"Mailလည်းပို့ပေးထားတယ် ပြောတယ်..."

"အိုခေ ကျေးဇူးပဲ..မနက်ဖြန်နေ့လယ် ချိတ်လိုက်တော့.."

"ဟုတ်ကဲ့ ဆရာ"

ဂျယ်ဟျွန်းက ဒီဇိုင်းအချို့ကို ပြန်ပြင်ဆင်ဖို့ စလိုက်တော့သည်။

xxx

"ယူရီ.. သားရော.."

"ရှိပါတယ် အစ်ကိုလေး...ဆောင်းချန်းနဲ့ တော်တော် ပြေးဆော့လိုက်တာ ပင်ပန်းလို့ထင်တယ်..အိပ်ပျော်နေကြပြီ.."

"ဒီလောက်အစောကြီးလေ.."

ထယ်ယုံးက တိုင်ကပ်နာရီကိုလှမ်းကြည့်ရင်း မေးလိုက်မိသည်။ ခုမှ ၇နာရီပဲရှိသေးတာ..ပုံမှန်ဆို သား ကာတွန်းကားကြည့်တဲ့အချိန်...

"ဟုတ်တယ်...ခြံထဲပြေးတမ်းလိုက်တမ်းကစားနေကြတာ.."

"အိုခေ အိုခေ..ယူရီလည်း ပြန်တော့လေ..တာဝန်ကျေပါတယ်.."

"ဟုတ်ကဲ့..ဟင်းတွေပြင်ထားပြီးသားပါ.."

"ကျေးဇူးပဲ.."

Try again //TYxJH//Tempat cerita menjadi hidup. Temukan sekarang