.18.

468 42 5
                                    

"အာပါး သားသားဗိုက်နာတယ် "

မနက်စာစားနေကြတုန်း ဂျဲနိုက မအီမသာပုံစံဖြင့် ပြောလာသည်။

"ဘာလို့နာတာလဲ၊ ထမင်းမစားချင်တာနဲ့ လိမ်မပြောရဘူးနော် "

"ယူရီ သားသားကိုချီပါ"

ဂျဲနိုက မျက်နှာလေးမကောင်းစွာဖြင့် ယူရီဘက်လှည့်ကာ လက်ကလေးကမ်း​ပေးသည်။ ယူရီက ပွေ့ချီလိုက်တော့ ပုခုံးပေါ်ခေါင်းမှီကာ ဖက်ထားတော့သည်။

"သားမနေ့က ဘာစားထားလို့လဲ"

"ပုံမှန်စားတဲ့အတိုင်းပဲ ကျွေးတာပါ အစ်ကိုလေး၊ ညနေမှာတော့ ရေခဲချောင်းစားလိုက်သေးတယ်။ စားနေကျရေခဲချောင်းပါပဲ။ "

သားရဲ့ ထမင်းပန်းကန်က အပြည့်မို့ ပုံမှန်လို ထမင်းမစားချင်လို့ အီနေတာလို့ပဲ ထင်လိုက်တော့သည်။

"သားကို ထမင်းသေချာကျွေးပြီး ကျောင်းပို့ပေးလိုက် "

"ဟုတ်ကဲ့ အစ်ကိုလေး"

ထယ်ယုံးက အဝတ်အစားလဲလို့ ရုံးသွားဖို့ပြင်ဆင်လိုက်ပါတော့သည်။

X

ကုမ္ပဏီရောက်တဲ့အခါ ယောင်းဟိုက ရောက်နေလေသည်။

"ဟင် ဖုန်းလည်းမဆက်ပဲ ဘာကိစ္စ။ "

"အင်း law firm သွားတုန်း ဝင်လာခဲ့တာ၊ ယုံး ဒါလေး ကြည့်ပေး"

ထယ်ယုံးက ယောင်းဟိုပေးတဲ့ စာရွက်စာတမ်းတွေကို ယူကြည့်လိုက်သည်။

"ငါ့ အမှုသည်ရဲ့ အသိကုမ္ပဏီလို့ ပြောတယ်၊ မင်းတို့စားသောက်ကုန်ကို ဆိုင်ခွဲလိုချင်တာ။ ငါလည်း မဆိုးဘူး ထင်လို့ ယူလာပြတာ။"

"အင်း ဒါက ငါကိုယ်တိုင်ထက် စီမံခန့်ခွဲရေးဌာနက လုပ်ရမှာ၊ သူတို့အဆင်ပြေတယ်ဆိုရင်တော့ ငါ့ဆီ ရောက်လာလိမ့်မယ်။"

"ရားး! စျေးကိုင်မနေနဲ့၊ မင်းသာ အိုခေရင် မင်းအောက်ကဝန်ထမ်းတွေက ငြင်းရဲမလား"

"အဟားးး အမှုသည်ရဲ့အသိလို့သာပြောနေတာ၊ အမှုသည်ရော ဟုတ်ရဲ့လား၊ ဆောယောင်းဟိုတို့ အရမ်းအင်တိုက်အားတိုက်ဖြစ်နေတာ။ "

Try again //TYxJH//Tempat cerita menjadi hidup. Temukan sekarang