No Hypocrisy smile🖤
Part 5
Tina အိမ်ထဲရောက်တော့ ဒေါ်စိုးမိုးစံမှာ နေရခက်နေပုံ ပေါ်နေသည်။ Tina ဧည့်ခန်းထဲက ဆိုဖာပေါ် မှာ ထိုင်ပြီး ခြေချိတ်ကာ ဒေါ်စိုးမိုးစံဘက် ကြည့်၍
" အမေကော အန်တီ"
" အော် မမကြီးက သမီးအမအိမ် သွားလည်တယ် သူ့သမီးမွေးတဲ့ သားအငယ်လေးကို မြင်ချင်လို့တဲ့ "
"အော် မမက နောက်ထပ်တစ်ယောက် တောင်မွေးပြီလား "
" ဟုတယ်ကွဲ့ "
" ဒါနဲ့ အန်တီ့မိသားစုကော အိမ်မှာဘဲနေတာလား "
"အာ အင်း ဟုတယ် မမကြီးကလည်း အဆင်ပြေတယ် ဆိုတာနဲ့ "
" ထားပါ အန်တီတို့ ကိုယ်ပ်ိုင်နေရာ ရှာမတွေ့တဲ့ အထိ ဒီမှာနေလို့ရပါတယ် ဒါပေမယ့် တစ်ခုတော့ သတိပြုပေးပါ အနောက်ဘက်က စံအိမ်ကို ကျမခွင့်ပြုထားတဲ့ လူတွေက လွှဲရင် မလာပါနဲ့ ကျမ ခွင့်ပြုချက်မရှိဘဲလာတာ ကျမ မကြိုက်ဘူး"
" သမီး အဲ့ဘက်က စံအိမ်ကကော သမီးပိုင်တာလား "
" ဟုတယ်လေ ပြဿနာရှိလို့လား "
" အော် မဟုပါဘူး မမကြီးက တစ်ခါမှ မပြောပြဖူးလို့ပါ "
" အခုသိပြီဆိုတော့ သေချာ သတိပြုပါ "
" အာ ကောင်းပါပြီ သမီး
သမီး အချိန်တောင် နောက်ကျနေပြီ နေ့လည်စာကော စားပြီးပြီလား မစားရသေးရင် ပြင်ခိုင်းလိုက်မယ်လေ အန်တီ"" ရတယ် ခနနေမှ မိလုံးကို ပြင်ခိုင်းလိုက်မယ် "
" အော် အေး အေး "
" မိလုံး အနောက်စံအိမ်ကို သန့်ရှင်းရေး လုပ်လိုက် ငါ့အခန်းကို အရင်ရှင်း "
" ဟုကဲ့ မမလေး "
ထိုအချိန် ဒေါ်စိုးမိုးစံမှ
" မိလုံး နင်တစ်ယောက်ထဲဆို ကြာနေလိမ့်မယ် တခြားသူတေပါခေါ်သွားလိုက် နင့်မမလေး နားချင်နေလောက်ပြီ "
လို့ ပြောတော့ Tina က
" မလိုဘူး သူတစ်ယောက်ထဲ လုပ်လိမ့်မယ် မိလုံး ရတယ်မလား "
လို့ မေးလိုက်တော့ မိလုံးမှာ အားတက်သရော
" ဒါပေါ့ မမလေး " လို့ ပြန်ဖြေလေသည်။ ပြီးနောက်
ŞİMDİ OKUDUĞUN
No Hypocrisy smile🖤
RomantizmGray ရေမွှေးထုတ်လုပ်ရေး ကုမဏီရဲ့ သူဌေး April Tina အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်း ရှင် ဖြစ်ပေမယ့် အချစ်ရေးမှာတော့ စိတ်ဝင်စားမှု မရှိတဲ့ သူမ တစ်နေ့ သူမရဲ့ သတိုးသားလောင်း လို့ပြောတဲ့ သူနဲ့ party မှာ တွေ့ကြတဲ့အခါ သူမ ဘယ်လို တုန့်ပြန်လာမလဲ သူတို့နှ...