သူပြောလိုက်သော စကားကြောင့် သူမ အံသြသွားရလေသည်။ သို့သော် သူမ နားကြားမှားသည်ဟု ထင်ကာ
"ဟင် ဘယ်လို"
ဟုမေးလိုက်ခြင်းဖြစ်သည်။သူမ ပြန်မေးလိုက်တော့ သူက" ဟဲ မင်းအံ့သြသွားတယ်ထင်တယ်"
လို့ အနည်းငယ်ရီရင်း ပြောလိုက်တော့ Tinaလည်း" ဒီမှာ ရှင်ခုနက ကျမမေးတာကိုဘဲ အရင်ပြန်ေဖြပါ ကျမ နားကြားမှားတာလားဆိုတာ သေချာ သိချင်လို့ပါ"
"မင်း နားကြားမမှားပါဘူး ကိုယ်တကယ်မင်းကို သေချာပြောလိုက်တယ်လေ"
လို့ ပြောရင်း သူမ နားအနားကပ်လာကာ
" ကိုယ်က မင်းရဲ့ သတို့သားလောင်းဆိုတာ"
ကို ဖြည်းညင်းစွာ ပြောလိုက်တာကြောင့် သူမ လည်း နားမလည်နိုင်သော အကြည့်နှင့် သူ့ကို ကြည့်လိုက်လေသည်။ ထိုအချိန် သူသည်လည်း သူမဘက်ကို ကြည့်နေတာကြောင့် နှစ်ယောက်သားအကြည့်ချင်းဆုံသွားကြသည်။
အကြည့်ချင်းဆုံရုံသာမဟုတ်ဘဲ ကိုယ်ပါ နီးနေသောကြောင့် သူ၏ကိုယ်သင်းနံ့ကိုပါ သူမ ရနေလေသည်။
" ရှင်... "
လို့ Tina ပြောလိုက်ပြီး ခြေတစ်လှမ်းနောက်ဆုတ်ကာ
" ရှင် လူမှားနေတာဖြစ်မယ် "
"ကိုယ် လူမှားရင် မင့်နာမည်ကို ကိုယ်ခေါ်ပါ့မလား "
"Hump ....ဒီမှာ Mr တစ်စုံတစ်ခုကို မပြောခင် ကိုယ့်ဘာကိုအရင်မိတ်ဆက်သင့်တယ် လို့ ရှင်မထင်ဘူးလား"
သူမပြောလိုက်တော့ သူအနည်းငယ် ပြုံးကာ" မှန်ပါတယ် ကိုယ့်ကို ခွင့်လွှတ်ပါ ကိုယ့်နာမည်က ရဲခန့်မာန် ပါ တစ်ချို့က ကိုယ့်ကို Rio လို့ ခေါ်ြကတယ် "
လို့ ပြောတော့ Tina က" Rio ..."
လို့ တိုးတိတ်စွာ ေရရွတ်ရင်း" ကျမမှန်းတာ မှန်ရင် ရှင်က ဒေါ်စုခင် နဲ့ ဉီးဟန်သော် တို့ရဲ့ တစ်ဉီးတည်းသော သား Rio မလား"
" ဟုတ်တယ် အဲ့တာ ကိုယ်ပါ "
" ဟုတ်ပါပြီ Mr Rio ဒါဆို ရှင်က ဘာလို့ ကျမရဲ့ သတို့သားလောင်း ဆိုတာရယ် ကျမမှာ ဘာလို့ သတို့သားလောင်းရှိတယ်ဆိုတာရယ် ရှင်းပြနိုင်မလား "

ESTÁS LEYENDO
No Hypocrisy smile🖤
RomanceGray ရေမွှေးထုတ်လုပ်ရေး ကုမဏီရဲ့ သူဌေး April Tina အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ပေမယ့် အချစ်ရေးမှာတော့ စိတ်ဝင်စားမှု မရှိတဲ့ သူမ တစ်နေ့ သူမရဲ့ သတိုးသားလောင်း လို့ပြောတဲ့ သူနဲ့ party မှာ တွေ့ကြတဲ့အခါ သူမ ဘယ်လို တုန့်ပြန်လာမလဲ သူတို့နှစ...