No Hypocrisy smile🖤
Part 8
Tina သူမအတွက် ဒုတိယထပ်မှာ ပြင်ထားတဲ့ အခန်းကို သွားပြီး ပစ္စည်း တွေကို သူမ စိတ်တိုင်းကျစီစဉ်နေလေသည်။အကုန်ပြင်ဆင်ပြီးတော့ သူမ ပြတင်းပေါက်ရှိရာသွားပြီးဖွင့်လိုက်တော့ ငြင်သာတဲ့ လေပြေလေညင်းလေးက သူမကို ဖြတ်သန်းသွားလေသည်။ ထိုဖြတ်သန်းသွားသော လေညင်းလေးက သူမစီက ပင်ပန်းမှုတွေကိုပင် သယ်ဆောင်သွားလေသည်။ Tina မျက်နှာမှာ အနည်းငယ်ပြုံးသယောင်ရှိသွားလေသည်။ထိုနေရာတွင် သူမ အတော်ကြာ နေနေမိလိုက်သည်။
ဒီလိုနဲ့ ညနေရောက်တော့ သူမအိမ်အောက်ဆင်းပြီး ပန်းပင်လေးတွေနားသွားကာ လမ်းလျောက်နေလေသည်။ ခနကြာတော့ အိမ်အကူကောင်မလေးတစ်ယောက်က သူမကို ထမင်းစားရန် လာခေါ်လေသည်။သူမ ထမင်းစားခန်း ဝင်လာတော့ ဘုန်းမြတ်နဲ့ Rio က အသင့်စောင့်နေလေသည်။ ထို့နောက် ညစာစားပြီး သူမအခန်း ပြန်၍ ဖုန်းခန ကြည့်ပြီး အိပ်သွားတော့သည်။
ထိုရက်ပိုင်းတွင် သူမ အခန်းတွင်သာ အချိန်ကုန်နေလေသည်။ အလုပ်ကိစ္စတွေကိုတော့ Joe နှင့် ပြောဖြစ်သည်။ဘုန်းမြတ်ကတော့ တစ်နေကုန်နီးပါး ဂိမ်းထဲတွင်သာ ရောက်နေတော့သည်။ ထိုအတောအတွင်း သူမ Rio နှင့် အနည်းငယ်စကားပြောဖြစ်လေသည်။
အချိန်တစ်ပတ်ကြာပြီး ည၉နာရီတွင် သူမ အိပ်ခန်းမှ ထွက်လာပြီး Rio အခန်းသို့ သွား၍
" ဒေါက် ဒေါက် "
"Rio ကျမ ရှင်နဲ့ စကားခနပြောလို့ရမလား "Rio တံခါးဖွင့်လာပြီး
" omm ရတယ်လေ အထဲဝင်ပြီး ပြောမလား''
" ဟင့်အင်း တော်ပြီ ကျမ မနက်ဖြန် ရှင်နဲ့လိုက်ခဲ့ချင်လို့ "
" ဟင် ကုမဏီကိုလား "
" အင်း ဟုတယ် ကျမ..ရှင့်အကြောင်း သေချာဘာမှမသိသေးလို့ "
" ကိုယ်က အဆင်ပြေပါတယ် မင်းသဘောပါ "
" အင်း ကျေးဇူးပါ ''
"Omm good night နော် "
" အင်း good night "
Tina ပြောပြီး အခန်းပြန်သွားလေသည်။မနက်ရောက်တော့ Tina တို့ မနက်စာ စားပြီး Rio က
![](https://img.wattpad.com/cover/310663473-288-k582729.jpg)
YOU ARE READING
No Hypocrisy smile🖤
RomanceGray ရေမွှေးထုတ်လုပ်ရေး ကုမဏီရဲ့ သူဌေး April Tina အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ပေမယ့် အချစ်ရေးမှာတော့ စိတ်ဝင်စားမှု မရှိတဲ့ သူမ တစ်နေ့ သူမရဲ့ သတိုးသားလောင်း လို့ပြောတဲ့ သူနဲ့ party မှာ တွေ့ကြတဲ့အခါ သူမ ဘယ်လို တုန့်ပြန်လာမလဲ သူတို့နှစ...