part 24

189 5 0
                                    

No Hypocrisy Smile

Tina တို့ မြန်မာပြန်ရောက်ပြီး နောက်တစ်နေ့ နံနက်စောစောတွင် အမေ့အိမ်ကို သွားရန် ပြင်ဆင်ကြလေသည်။ လက်ဆောင်အထုပ်တွေကို ကားနောက်ခန်းမှာ ထည့်ထားပြီး ဒီနေ့တော့ အမေ့အိမ်မှာဘဲ တစ်နေကုန်နေကြဖို့ တွေးထားလိုက်သည်။

" မာန် ဒီနေ့ အမေ့အိမ်မှာဘဲ အလည်နေကြမလားလို့ "

" ရတယ်လေ မိန်းမရယ့် ကိုယ်လည်း အဲ့လိုဘဲ တွေးထားတယ် "

" အွန်း ပြီးတော့ ဟိုကောင်လေးကိုလည်း ဘယ်လိုလုပ်ရမလဲ စဉ်းစားရအုန်းမယ် "

" ဟိုကောင်လေးဆိုတာ ဘုန်းမြတ်ရှိန်ကိုလား မိန်းမ "

" ဟုတ်တယ်လေ မာန်ရယ့် အဲ့ဒီကလေးက အချိန်ပြည့် ဂိမ်းဘဲဆော့နေမှာ သူ့အဖေက အဲ့တာကြောင့်လည်း Tina တို့စီ ပို့ထားတာလေ "

" ဪ "

ထိုစဉ် ရဲထက် က အနားသို့ ရောက်လာပြီး

" ကျွန်တော်လည်း လိုက်ခဲ့လို့ရလား  မမတို့အိမ်ကို မရောက်ဖူးသေးလို့ "

" ဪ ရတယ်လေ ပိုင်လေး ခနနေ သွားကြတော့မှာ မမတို့က တစ်ခါတည်း လိုက်ခဲ့‌လိုက်ပေါ့ "

" ဟုတ် ဒါနဲ့ မမနဲ့ ကိုကြီးက မနက်စာ စားပြီးသွားကြပြီလား "

" မစားရ‌ေသးဘူး ခနနေ မေမေ့အိမ်ရောက်မှ စားမလို့ "

" ဟုတ်တယ် ပိုင်လေးရယ့် မမတို့အိမ်က ဒီနေ့ ရှမ်းခေါက်ဆွဲလုပ်ထားတယ်တဲ့ အဲ့တာ သွားဆွဲမလို့လေ ဒါနဲ့ ပိုင်လေးရှမ်းခေါက်ဆွဲစားရဲ့လား "

" ဟုတ် မမ ကျွန်တော် စားပါတယ် "

" ဒါဆို အဆင်ပြေတာပေါ့ မာန် သွားကြစို့လေ "

" အွန်း လာ မိန်းမ "

မာန်က Tina လက်ကို ဆွဲလိုက်ပြီး ကားစီ သွားလိုက်‌ေလသည်။ ရဲထက်ကတော့ ရေတစ်ခွက်သောက်ပြီး နောက်ကလိုက်သွားလိုက်သည်။

Tina တို့ အမေ့အိမ်ရောက်တော့ အမေက ထွက်ကြိုလာသည်။အမေ့ဘေးမှာတော့ မိလုံး ဘကြီး‌ေအာင် ဦးမျိုးဇော်နဲ့ တခြားအိမ်ကူ‌ေလးတစ်‌ေယာက်တွေက ကိုယ်စီရပ်နေလေသည်။

No Hypocrisy smile🖤Dove le storie prendono vita. Scoprilo ora