No Hypocrisy smile 🖤
Part 7
ဘုန်းမြတ်ရှိန် တစ်ယောက် ကိုယ်လက်သန့်စင်ပြီး T-shirt နှင့် ဂျင်းဘောင်းဘီ အရှည် ဝတ်ပြီး အပေါ်ထပ်တစ်ထည် ထပ်ဝတ်၍ မှန်ထဲ တစ်ချက်ရှိုးလိုက်ပြီး
" ငါလေး ဘာဝတ်ဝတ် တယ်ချောနေပါလား''
သူ့အအတွေးနဲ့သူ ပြုံးပြီး အောက်ဆင်းခဲ့တော့ Tina ဧည့်ခန်းထဲမှာ သူ့ကို စောင့်နေလေသည်။ Tina သူ့ကို ကြည့်ပြီး မျက်ခုံးပင့်ကာ
" မနက်စာသွားစား ''
သူလည်း ခေါင်းငြိမ့်ပြကာ ထမင်းစားခန်းထဲ ဝင်လာခဲ့သည်။မိလုံးလည်း သူ့အတွက် မနက်စာ ပြင်ပေးလေသည်။ခနကြာတော့ သူထွက်လာပြီး
" ကျနော်ပြီးပြီ တီလေး "
" အာ့ဆို သွားမယ် "
Tina နောက်ကို ဘုန်းမြတ်ရှိန်လိုက်သွားပြီး
" ကျနော်တို့ ဘယ်သွားမှာလဲ တီလေး "
Tina ဘာမှပြန်မပြောဘဲ ကားရှိရာစီသွားတော့ ဦးမျိုးဇော်က အသင့်စောင့်နေလေသည်။
" ဦးလေး ဒီနေ့ ကျမ သူ့ကို မောင်းခိုင်းမှာ သူ့ကို သော့ပေးလိုက်ပါ အမေအပြင်သွားချင်ရင် ဂိုထောင်ထဲက ကားနဲ့ လိုက်ပို့ပေးလိုက်ပါ "
" ကောင်းပါပြီ မမလေး "
လို့ ပြောရင်း ဘုန်းမြတ်ရှိန် ကို သော့ပေးလိုက်လေသည်။ ဘုန်းမြတ်လည်း ကားထဲဝင်မယ်လုပ်တော့ Tina က
" အဟမ်း လာခဲ့ ဒီနား "
ဘုန်းမြတ် သူမနား သွားတော့ Tina က သူ့နားကို လိမ်ဆွဲလိုက်တော့
" အားးးး တီလေး နာတယ် အားးး ကျနော် ဘာလုပ်လို့လဲဗျာ အားးး "
ဆူပုတ်ပုတ်နဲ့ ပြောလာတဲ့ သူ့တူကို ကြည့်ပြီး Tina သက်ပျင်းချကာ သူ့တူကို အစကနေ သင်ပေးရမှာပါလား တွေးပြီး
" မင်း မိန်းခလေးတစ်ယောက်နဲ့ အပြင်သွားရင် ကားထဲကို ကိုယ်ကအရင်မဝင်ဘဲ အဲ့ မိန်းခလေးအတွက် တံခါးဖွင့်ပြီး အရင်ဝင်ခိုင်းရတယ် "
" မိန်းခလေးတိုင်းကိုလား ''
" မင်းဘယ်လိုထင်လဲ "
![](https://img.wattpad.com/cover/310663473-288-k582729.jpg)
ESTÁS LEYENDO
No Hypocrisy smile🖤
RomanceGray ရေမွှေးထုတ်လုပ်ရေး ကုမဏီရဲ့ သူဌေး April Tina အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ပေမယ့် အချစ်ရေးမှာတော့ စိတ်ဝင်စားမှု မရှိတဲ့ သူမ တစ်နေ့ သူမရဲ့ သတိုးသားလောင်း လို့ပြောတဲ့ သူနဲ့ party မှာ တွေ့ကြတဲ့အခါ သူမ ဘယ်လို တုန့်ပြန်လာမလဲ သူတို့နှစ...