No Hypocrisy Smile 🖤
မိုးလင်းသည်နှင့် Tina တို့အိမ်ကို ပိုင်လေးတစ်ယောက် ရောက်လာပြီး မနေ့ညက အခန်းထဲတွင် မွှေနေတော့သည်။ သူနဲ့အတူ ဘုန်းမြတ်ရှိန်လည်း ပါလာပြီး နှစ်ယောက်သားက စိတ်အားထက်သန်စွာနဲ့ စပ်စုနေကြလေသည်။
ပုံမှန်ဆို အစောကြီးမနိုးတတ်ပေမယ့် ဒီနေ့တော့ Tina က အရင် နိုးလာလေသည်။ ဘေးမှာ အိပ်မောကျနေတဲ့မာန့်နဖူးကို အနမ်းဖွဖွပေးလိုက်ပြီး ရေချိုးခန်းထဲ ၀င်ကာ ကိုယ်လက်သန့်စင်လိုက်လေသည်။
သူမပြန်ထွက်လာသည်အထိ မာန်က အိပ်နေတုန်းမို့ နိုးရန်အနားကပ်သွားလိုက်သည်။
Tina မျက်နှာသစ်ပြီးစမို့ အေးနေတဲ့ မျက်နှာလေးနဲ့ မာန့်ပါးပြင်ကို ကပ်ဖိလိုက်လေသည်။
" မာန်ရေ မိုးလင်းနေပြီနော် "
" အင်း.....အေးတယ်လို့ မိန်းမ "
" မျက်လုံးမှိတ်ပြီး ဇွတ်အော်မနေနဲ့ အကိုတော် ဟိုမှာမိုးလင်းနေပြီ ထတော့လေ "
" ထပါ့မယ်ဗျာ အဲ့မျက်နှာအေးအေးကြီးနဲ့ မကပ်ထားပါနဲ့တော့ "
" ဟော မာန်က မကြိုက်ဘူးလား "
" ဟင် မကြိုက်တာ မဟုတ်ဘူးလေ ပုံမှန်က ရပေမယ့် ခုကျ "
" ခုက ဘာဖြစ်တုန်း "
" အာ...ဘာမှမဖြစ်ပါဘူးဗျာ ကဲ ထပြီ ထပြီ "
မာန် က ကုန်းရုန်းထလာတော့ Tina က လက်လေးပိုက်လျက် ရပ်နေပြီး
" မြန်မြန်လှုပ် ခနနေ ပိုင်လေးလာမှာ "
" ဟုတ်ပါပြီဗျ မွ "
ဟုတ်ပါပြီဗျ လို့ဆိုရင်း သူမ နှုတ်ခမ်းကို ဆွဲယူနမ်းလိုက်လေသည်။
" ဟင် မာန်နော် မျက်နှာလည်း မသစ်ရသေးဘဲ "
" ဘာဖြစ်လဲ ကိုယ့်ယောကျာ်းဘဲကိုကွာ "
" မရဘူး သွား မျက်နှာသစ်ချေ "
Tina အဲ့လို ပြောလိုက်တော့ မာန်တစ်ယောက် နှုတ်ခမ်းလေး မသိမသာဆူသွားပြီး ခေါင်းလေးတစ်ငြိမ်ငြိမ့်နဲ့ ရေချိုးခန်းစီ ၀င်သွားလေသည်။
ရေချိုးခန်းတံခါးကို မပိတ်သေးဘဲ သူမဘက် ကြည့်လာရင်း
" မိန်းမက ကိုယ့်ကို ငြိုငြင်နေပါပြီ ဟင့် "
![](https://img.wattpad.com/cover/310663473-288-k582729.jpg)
YOU ARE READING
No Hypocrisy smile🖤
RomanceGray ရေမွှေးထုတ်လုပ်ရေး ကုမဏီရဲ့ သူဌေး April Tina အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ပေမယ့် အချစ်ရေးမှာတော့ စိတ်ဝင်စားမှု မရှိတဲ့ သူမ တစ်နေ့ သူမရဲ့ သတိုးသားလောင်း လို့ပြောတဲ့ သူနဲ့ party မှာ တွေ့ကြတဲ့အခါ သူမ ဘယ်လို တုန့်ပြန်လာမလဲ သူတို့နှစ...