Fbမှာ အရင်ကတင်ထားတဲ့အပိုင်းလေးတွေပါနော်
No Hypocrisy smile🖤
Part 18
ညက ပင်ပန်ထားတဲ့ အရှိန်ကြောင့် Tina တော်တော်နဲ့ မနိုးဘဲ ၉ နာရီလောက်မှသာ နိုးလာလေသည်။ သူမနိုးတော့ မျက်နှာကျက်မှာ ထင်ဟပ်နေတဲ့ ရေရိပ်လင်းလဲ့လဲ့လေးရဲ့ လှုပ်ရှားပုံက လိုက်ကာကြားမှ ဖြတ်၍ မြင်နေရလေသည်။ ကမ်းခြေကို ရိုက်ခတ်လာတဲ့ ရေလိုင်းလေးတွေပေါ်ကို ကျရောက်နေတဲ့ နေအလင်းရောင်ဟာ ရောင်ပြန်ဟပ်ပြီး မျက်နှာကျက်ပေါ်မှာ ပြန်ပေါ်နေခြင်းဖြစ်သည်။ သူမ မျက်နှာကျက်ကို ကြည့်နေတုန်းမှာဘဲ ရေချိုးခန်းထဲက ရေသံသဲ့သဲ့ကိုလည်း ကြားနေရလေသည်။
Tina အိပ်နေရာကနေ ဖြည်းဖြည်းချင်း ထထိုင်လိုက်တော့ သူမအောက်ပိုင်းက အနည်းငယ် နာကျင်နေလေသည်။ သူမနာကျင်မှုကို ခံစားရမှ Rio ကို သတိရကာ လှည့်ကြည့်တော့ ထိုသူက မရှိ။ ထိုစဥ် ရေချိုးခန်းဘက်က ရေသံသဲ့သဲ့က သူမအတွေးထဲ ပြန်ရောက်လာလေသည်။
* သူ..ရေချိုးနေတာဘဲ *
သူမ တွေးလိုက်ပြီး အနီးနားက ညအိပ်ဝတ်စုံကို ယူကာ အိပ်ရာမှ ထ၍ ဝတ်လိုက်လေသည်။ Tina ပြတင်းပေါက်နားသွား၍ လိုက်ကာကို ဖယ်လိုက်တော့ နေရောင်စူးစူးလေးက သူမ မျက်လုံးပေါ်ကို ကျကာ သူမ ကိုယ်က ေနရဲ့ အနွေးဓာတ်တို့နဲ့ လွမ်းခြုံထားလျက်ဖြစ်သွားလေသည်။ တစ်ဖက်မြင် မှန်ကာထားတဲ့ တံခါးလေးကို သူမ ဖွင့်လိုက်တော့ ပူနွေးတဲ့ လေငွေ့လေးက သူမနားက ဖြတ်သန်းသွားလေသည်။ထိုအချိန် အနောက်ဘက်က လမ်းလျောက်သံကြောင့် သူမ လှည့်ကြည့်လိုက်တော့ ရေချိုးသဘက်ကို ခါးမှာ ပတ်ထားပြီး သန်မာတဲ့ ကိုယ်ပေါ်မှာ စီးကျနေတဲ့ ရေစက်လေးတွေကို အခြားသဘက်တစ်ခုနဲ့ သုတ်နေတဲ့ Rio ကို သူမ မြင်လိုက်ရသည်။ ခေါင်းလျော်ထားတာကြောင့် ရေစက်လေးတွေက သူ့ရဲ့ ဆံသားမှ တဆင့် ကိုယ်ပေါ်ကို တစက်စက် ကျနေလေသည်။
" မောနင်း မိန်းမ "
" အင်း မောနင်း "
သူမကို Rio နှုတ်ဆက်လာတော့ သုမအလိုက်သင့်လေး ပြန်နှုတ်ဆက်လိုက်သည်။
" မနေ့ညက ပင်ပန်းခဲ့မှာဘဲ "
ဆိုပြီး Rio သူမအနားလာကာ ပြောပြီး နှဖူးကို ငြင်သာစွာ နမ်းလိုက်လေသည်။ ထိုအနမ်းက သူမနေ့ညက နမ်းခဲ့တဲ့ အနမ်းကြမ်းတွေထပ် ပိုပြီး ခံစားရကောင်းသည်ဟု သူမ တွေးလိုက်လေသည်။ သို့သော် သူမ ဘာမှ မပြောဘဲ အဝတ်ဗီရိုနားသွားကာ ရေချိုးဝတ်စံကို ယူလိုက်ပြီး
![](https://img.wattpad.com/cover/310663473-288-k582729.jpg)
ESTÁS LEYENDO
No Hypocrisy smile🖤
RomanceGray ရေမွှေးထုတ်လုပ်ရေး ကုမဏီရဲ့ သူဌေး April Tina အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ပေမယ့် အချစ်ရေးမှာတော့ စိတ်ဝင်စားမှု မရှိတဲ့ သူမ တစ်နေ့ သူမရဲ့ သတိုးသားလောင်း လို့ပြောတဲ့ သူနဲ့ party မှာ တွေ့ကြတဲ့အခါ သူမ ဘယ်လို တုန့်ပြန်လာမလဲ သူတို့နှစ...