No Hypocrisy smile🖤
Part 6
Tina တစ်ယောက် သူမ အိမ်ထဲက ဥယာဥ်ထဲမှာ ပတ်လျောက်နေပြီး
" ဘကြီးအောင် ကို ပြန်ခေါ်ရမယ် "
လို့တွေးရင်း
" မိလုံးရေ ''
မိလုံးပြေးလာပြီး
" ရှင် မမလေး "
" ဘကြီးအောင် နဲ့ ထွက်သွားတဲ့ အရင်ကလူတွေကို ပြန်ဆက်သွယ်ကြည့်လိုက်အုန်း တကယ်လို့ သူတို့ အိမ်မှာ ပြန်လာလုပ်ချင်တယ်ဆိုရင် ခေါ်လိုက်ပါ "
" ဟု မမလေး မိလုံး ဖုန်းဆက်ကြည့်လိုက်မ်နော် "
" အွန်း "
ထိုအချိန် အိမ်ရှေ့တွင် ဆူညံသံတစ်ချို့ ကြားလာသည်။ Tina ထွက်ကြည့်တော့ ခြံတံခါးတွင် အမူးသမား တစ်ယောက်။ ထိုသူမှာ ဒေါ်စိုးမိုးစံ ရဲ့သား ပေထူး ပင်။
" ဟေ့ ဟေ့ မင်းတို့တွေ ငါ့ကို ဘာကိစ္စ အိမ်ထဲပေးမဝင်ခိုင်းတာလဲ ဟမ် မင်းတို့တွေ အလုပ်ပြုတ်ချင်နေပြီလား "
" အို ဘယ်သူလဲလို့ ရောက်လာပြီလား ကိုပေထူး "
Tina ပြောလိုက်တော့ ပေထူးလည်း
" ဟမ် မင်းက နေဦး မင်းက.. "
" ကျမ ရှင့်အတွက် အထုပ်ပြင်ခိုင်းထားတယ် ရှင် ကိုယ့်အထုပ်ကို ပြန်လာယူတာမို့လား "
Tina တမင်သက်သက်မေးလိုက်တော့
" ဘာကွ အထုပ် ဟုလား အေ့ မင်း မင်း..မင်းက ဘယ်သူလဲကွ ငါ့ကိုလာပြီး ပြောရဲတယ်ပေါ့ ဟုလား "
ထိုစဥ် အိမ်ရှေ့တွင် ကားတစ်စီးရောက်လာလေသည်။Tina လည်း ကားကို ကြည့်ပြီး
" ဟန့် အိမ်က ကားလေးကို ပြန်တွေ့ရပြီဆိုတော့ ငါ့ရဲ့ ချစ်လှစွာသော ညီမလေးလဲ ပြန်လာပြီဘဲ တစ်လက်စတည်း ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပြစ်ရတာပေါ့ "
လို့ ပြောပြီး
" မိလုံး အထုပ်နှစ်ထုပ်လုံး ပြင်ထားပြီးသားမလား ''
" ဟုပါတယ် မမလေး "
" ဒါဆို ဟို ကောင်မလေးနဲ့ သွားသယ်လိုက်တော့ ပိုင်ရှင်ကိုပြန်ပေးရမယ်လေ"

ESTÁS LEYENDO
No Hypocrisy smile🖤
RomanceGray ရေမွှေးထုတ်လုပ်ရေး ကုမဏီရဲ့ သူဌေး April Tina အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ပေမယ့် အချစ်ရေးမှာတော့ စိတ်ဝင်စားမှု မရှိတဲ့ သူမ တစ်နေ့ သူမရဲ့ သတိုးသားလောင်း လို့ပြောတဲ့ သူနဲ့ party မှာ တွေ့ကြတဲ့အခါ သူမ ဘယ်လို တုန့်ပြန်လာမလဲ သူတို့နှစ...