Ring...Ring...Ring....
"hello..."
"ကြားတယ်ပြော"
"ငါဒီနေ့မင်းအတွက်ပျော်စရာလေးတစ်ခုတွေ့ထားတယ်"
"ဘယ်လိုမျိုးလဲ"
"ငါမင်းကို ပုံပို့ပေးလိုက် မယ် "
"ok!"
စကားကိုသူတို့ကြားနားလည်လောက်နိုင်တဲ့အနေအထားတစ်ခုဖြင့်ပြောကြပြီးနောက် ပုံတစ်ပုံကဂျောင်ကုရဲ့phထဲဝင်လာခဲ့သည်။
"ဘယ်လိုလဲဂျောင်ကု"
"ဒီလူကဘယ်လိုလူမျိုးလဲ"
"အဲ့လူကအိမ်ထောင်ရေးဖောက်ပြန်နေတာ သူ့သားမယားကိုဂရုမစိုက်ဘူး တစ်အိမ်လုံးကသူ့လုပ်စားကိုထိုင်စားရလို့ သူရှေ့မှာတစ်အိမ်လုံးကခေါင်းတောင်မဖော်ရဲကြဘူး သူ့ဇနီးကိုလည်း စိတ်ရရင်ရသလိုရိုက်နှက်နေတာ"
"ငါလိုချင်တယ် ဒီညပဲ!!"
"ဖြစ်စေရမယ် ဂျောင်ကု"
skip....
"မင်း...မင်းတို့ဘယ်သူတွေလဲ ဘာလို့ငါ့ကားရှေ့လာပိတ်ရပ်နေတာလဲ ထွက်သွားစမ်းခွေးမသားတွေ"
ကားပေါ်ကလူရဲ့စကားအဆုံး သူ့ရဲ့ကားဘေးလာပြီး ဆွဲထုတ်ကြတဲ့လူတစ်စု...
"ဟာ...မင်းတို့ဘာလုပ်နေကြတာလဲ ငါဘယ်သူလဲဆိုတာမင်းတို့မသိဘူးလား လွှတ်စမ်း!!"
ထို့နောက်ပိတ်စအမဲရောင်တစ်ခုဖြင့် ထိုလူ၏ခေါင်းကိုစွပ်လိုက်ပြီး ခေါင်းကိုတစ်ချက်ရိုက်ချလိုက်သည်။
ထိုလူ၏အသံတိတ်တော့မှ ခြေစလက်စအကုန်ဖျောက်ကာ ထိုနေရာမှထွက်ခွာခဲ့ကြသည်။
ကျွီ.....
"အကိုလေး ရောက်လာကြပြီထင်တယ်"
ဆေးလိပ်အငွေ့တွေကို တစ်ချက် မှုတ်ထုတ်လိုက်ရင်း ကြောက်မက်ဖွယ် အပြုံးတစ်ခုကိုဖန်တီးလျက် ခုံတစ်ခုံပေါ်မှာ အဟန့်သားထိုင်နေသူ ဂျောင်ကု....
"ဂျောင်ကု....ဒီမှာ မင်းစိတ်ကြိုက်လုပ်လို့ရပြီ"
"စွပ်ထားတာတွေဖယ်လိုက်"
ထိုလူသည် အရက်အရှိန်ကြောင့်ရယ် အရုိက်ခံလိုက်ရတဲ့အရှိန်ကြောင့်ရယ်ဖြင့် သတိမေ့မြောနေတုန်းပင်ဖြစ်သည်။
YOU ARE READING
𝐃𝐎𝐍'𝐓!!! (Completed)
Fanfiction𝐏𝐬𝐲𝐜𝐡𝐨 တစ်ယောက်ရဲ့ဘဝထဲကိုမှနူးညံ့တဲ့အချစ်တစ်ခုဝင်ရောက်လာတဲ့အခါ...