11

2.4K 169 21
                                    

မျက်ဝန်းအိမ်မှမျက်ရည်များက 'မင်းကိုမုန်းတယ်၊ရွံလည်းရွံတယ်' ဟူသောဆော့ဂျင်ရဲ့စကားကိုပြန်ကြားမိတိုင်းအသဲမခိုင်ကာနာကျင်ရလွန်း၍တစ်ပေါက်တစ်ပေါက်ကျ၍နေသည်။

ဂလုန်း!!အုန်း!!ဒုန်း!!

"အကိုလေး!"

ခွပ်!ဘုန်း!!

"ဘယ်ကောင်လဲ ထွက်ခဲ့စမ်း!!"

"ဂျောင်ကု ဘာဖြစ်လာတာလဲ"

"ခွေးကောင်"

ခွပ်!ခွပ်!ခွပ်!

"ဂျောင်!."

ခွပ်!ခွပ်!!

"အကိုလေး အဲ့လိုမလုပ်ပါနဲ့ အကိုလေး"

"မင်းကိုသတ်ပြစ်မယ် "

ခွပ်!!ခွပ်!!

"ဂျောင်ကု!!"

"အကိုလေးမလုပ်ပါနဲ့တော့"

လူသုံးလေးယောက်လောက်ကဝိုင်းဆွဲတာတောင်သူ့အကိုကိုတရစပ်ထိုးနေသည်။

"အဟွတ်!အဟွတ်! ဂျောင်!အဟွတ်! မင်းငါ့ကိုထိုးရလောက်အောင်ဘာတွေဖြစ်လာတာလဲ ဟမ်! "

ပါးစပ်ထဲကရော၊နှာခေါင်းထဲကပါ သွေးတွေထွက်နေရင်းဂျောင်ကုအားမေးလိုက်သည်။

"ငါ့ကိုအခုချက်ချင်းဝန်ခံ!!မင်းမလုပ်ရင်ဘယ်ခွေးကလုပ်မှာလဲ တောက်စ်!!!"

"ဘာဖြစ်လာတာလဲဆိုတာငါ့ကိုအရင်ပြော"

"အဟက်!အရူးကွက်နင်းနေတာလား မင်းသေမှာကြောက်လို့လား ဟမ်!"

"ဘာမှန်းမသိပဲအထိုးခံရတာကို အရူးကွက်နင်းနေတယ်လို့မင်းထင်နေတာလား"

"တောက်စ်!!!ငါ့ကိုအခုချက်ချင်းပြော!!"

"ဂျောင်ကုမင်းစိတ်ကိုထိန်းစမ်း ငါ့ကိုဘာဖြစ်လာတာလဲအရင်ပြော"

"....."

"ေဂျာင်ကု!"

"ငါလူသတ်တဲ့videoကိုငါ့ချစ်သူဆီတစ်ယောက်ယောက်ပို့ထားတယ် အခုလေးတင်သူငါ့ဆီကထွက်သွားဖို့ကြိုးစားနေတာ hyung ငါ့ကိုကယ်ပါအုံး"

Hyung!

ငါ့ကိုကယ်ပါအုံး!

သူ့ရဲ့ဘဝမှာဂျောင်ကုဆီက'Hyung'လို့ခေါ်တာပထမဦးဆုံးအကြိမ်ကြားလိုက်ရခြင်းဖြစ်သည်။

𝐃𝐎𝐍'𝐓!!! (Completed)Where stories live. Discover now