Ring...Ring...Ring...
"Hello!"
"ဂျောင်ကုလက်ဆော့ထားတာလာရှင်းထားလိုက်"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
"ဂျောင်ကု မင်းဒီလိုလုပ်တာအန္တရာယ်များတယ်နော် မင်းငါ့ကိုနည်းနည်းပါးပါးတော့ကြိုပြောသင့်တယ်"
"ကျစ်...မင်းကဘာကိုကြောက်နေတာလဲ"
"ငါကြောက်လို့ပြောတာမဟုတ်ဘူး မင်းအတွက်ပြောနေတာ"
ဂျောင်ကုရဲ့ဘေးမှာ ဂျောင်ကုလိုသမျှလိုက်ဖြည့်ဆည်းပေးနေသူမှာ တခြားသူမဟုတ် ဂျောင်ကု၏အကိုဝမ်းကွဲပင်ဖြစ်သည်။ ငယ်စဥ်ကတည်းက ဂျောင်ကုနဲ့အတူကြီးပြင်းလာရသူမို့ ဂျောင်ကုအကြောင်းအား သူအသိဆုံးပင်ဖြစ်သည်။
"ငါ့အတွက်ပြောစရာမလိုဘူး ငါ့ခွင့်ပြုချက် မရှိပဲ ငါ့ကိုလာထိနိုင်စရာအကြောင်းလည်းမရှိဘူး "
"ကောင်းပြီ ငါမပြောတော့ဘူး ဒါပေမယ့်နောက်တစ်ခါဆို ငါ့ကိုအရင်အသိပေးထား ဂျောင်ကု"
ဂျောင်ကုဘာစကားမှဆက် မပြောတော့ပဲ မျက်နှာထားတည်တည်ဖြင့် ကားထဲဝင်ထိုင်လိုက်သည်။
လွန်ခဲ့သောမိနစ်အနည်းငယ်ခန့်....
"ပြွတ်စ်....ပြွတ်စ်...."
"Oppa..!"
ဂျောင်ကု၏နာမည်ကိုခေါ်ပြီးဂျောင်ကုရဲ့အကျီ်ကြယ်သီးများကိုတစ်လုံးချင်းချွတ်ပေးနေသည်။
ဂျောင်ကုမှသူမ၏လက် များကိုရပ်တန့်စေလိုက်ပြီး ကုတင်ပေါ်သို့တွန်းချပြစ်လိုက်သည်။
ထို့နောက်အခန်းတစ်ခုလုံးလင်းထိန်းသွားသည်။
သူမ၏စိတ်ထဲတွင်
~ဘာလဲ...ဘာလို့မီးတွေလင်းသွားတာလဲ~
"Oppa..."
"ရှူး....အသံမထွက်နဲ့"
ထို့နောက်သူမရဲ့ခြေဖျားကနေစပြီး ဂျောင်ကုရဲ့လက်ညိုးနဲ့လက်ခလယ်က လမ်းလျှောက်တဲ့ပုံစံမျိုးဖြင့် တစ်ဆင့်ချင်းတက်လာသည်။
ထိုသို့သောအထိအတွေ့အနည်းငယ်လေးကိုပင် အလွန်သာယာယစ်မူးနေသောသူမ။
YOU ARE READING
𝐃𝐎𝐍'𝐓!!! (Completed)
Fanfiction𝐏𝐬𝐲𝐜𝐡𝐨 တစ်ယောက်ရဲ့ဘဝထဲကိုမှနူးညံ့တဲ့အချစ်တစ်ခုဝင်ရောက်လာတဲ့အခါ...