6

1.6K 185 22
                                    


"အကို...အကို...အကို!."

"ဟမ်!!"

"ကျွန်တော်ပြောနေတာမကြားဘူးလားဟင်"

"အမ်!ညီလေးဘာပြောလိုက်တာလဲ!"

"ဒီမှာ အကို့အတွက် coffee ရပြီ"

"ေအာ် sorry ညီလေး အကိုနည်းနည်းအတွေးလွန်သွားလို့"

"ရပါတယ်အကို"

"Ommm"

ကောင်လေးလည်းဂျောင်ကုရှေ့မှာcoffeeခွက်လေးချခဲ့ပြီး ဆော့ဂျင်ရှိရာ counterဘက်ကိုပြန်လာခဲ့သည်။

"Hyung"

"ဘာလဲ"

"ဟီးးအရည်ပျော်ကျနေပြီလားလို့ခေါ်ကြည့်တာ"

"ဘာပြောတယ်"

ဧည့်သည်ရှိနေတာမို့နှစ်ယောက်သားတိုးတိုးတိုးတိုးသာစကားပြောနေကြသည်။

"Hyung ကလည်းဟိုကနေhyungကိုဒီလောက်ထိကြည့်နေတာကိုမတွေ့ဘူးလား"

"ဘာ!.ဘာမှမတွေ့ဘူး စကားမများနဲ့ကိုယ့်အလုပ်ကိုယ်လုပ် သွား!"

"အမယ်လေး မောင်းထုတ်မနေပါနဲ့ ကျွန်တော်လည်း coffee order မှာထားတာတွေသွားပို့ဖို့အချိန်ရောက်ပြီ သွားလိုက်အုံးမယ် ဧည့်သည်ကိုဂရုစိုက်လိုက်နော်"

"ဟမ်! coffee ပို့ရမယ့်အချိန်ရောက်ပြီလား"

"ရောက်ပြီရောက်ပြီ သွားတော့မယ် bye bye"

"အာ..ခ!."

ခဏလေးလို့ပြောချင်ပေမယ့်လည်း orderတွေဖြစ်နေတာကြောင့် ဆော့ဂျင်ခွင့်ပြုလိုက်ရသည်။ ဟိုလူနဲ့နှစ်ယောက်ထဲကျန်ခဲ့ရတော့မှာမို့ ဆော့ဂျင်အနည်းငယ်တော့ကြောက်မိသည်။ လူကောင်းလားလူဆိုးလားမသိပေမယ့် ခုနကတည်းကသူ့ကိုတစ်ချက် မျက်နှာမလွဲပဲကြည့်နေတာကြောင့် ဆော့ဂျင်စိတ်ထဲတော့သိပ်မသက်သာလှပေ။

ဆော့ဂျင်အတွေးတွေနဲ့စိတ်အိုက်လာတာကြောင့်တိုးတိုးလေးသက်ပြင်းချမိသည်။

"ဘာတွေကြောင့်များသက်ပြင်းချနေရတာလဲ"

"ဟမ်!.ဟင်!."

ဆော့ဂျင်သက်ပြင်းချလိုက်ပြီးချိန်ခဏလေးမှာပဲ ဆော့ဂျင်ဘေးမှာဘွားကနဲပေါ်လာပြီး အမေးသဘောဆောင်တဲ့စကားကိုပြောလာတာကြောင့် ဆော့ဂျင်ရုတ်တရက်လန့်သွားရသည်။

𝐃𝐎𝐍'𝐓!!! (Completed)Where stories live. Discover now