7

1.6K 161 11
                                    

နောက်တစ်နေ့....

"ဂျင်"

"ဟင်"

"ကိုယ်နဲ့တစ်နေရာရာလောက်လိုက်ခဲ့ပေးလို့ရမလား"

"ဘယ်ကိုလဲဟင်"

"ပြောပြလိုက်ရင် ပျော်စရာဘယ်ကောင်းတော့မလဲ"

"အဟမ်း!! ဘာတွေပျော်စရာရှိလို့လဲဗျ"

"မင်း!မင်းဘယ်တုန်းကရောက်နေတာလဲ"

"အကိုဂျောင်ကုစကားစပြောကတည်းကလေ ဟဲဟဲ"

"မင်းသူများစကားပြောတာကိုခိုးနားထောင်နေတာပဲ"

"မဟုတ်ပါဘူး ပေါ်တင်နားထောင်နေတာပါ"

"ဘာ!!"

"ဟဟ"

ဂျောင်ကုသဘောကျကာရီနေမိသည်။

"အမ်း!! hyung ကိုကြည့်ရတာလိုက်ချင်တဲ့ပုံလည်းမပေါ်ဘူး ကျွန်တော်အစားလိုက်ပေးရမလား hyung "

ဆော့ဂျင်စိတ်ကိုသိရဲ့နှင့်ကလိကလိဖြစ်အောင်စနေတော့သည်။

"မင်းကိုခေါ်တာမှမဟုတ်တာ ငါ့ကိုခေါ်တာလေ"

"အမယ် သိပ်မလိုက်ချင်ဘူးဟေ့"

"ဒါဆိုကိုယ်နဲ့လိုက်မှာလား"

"အင်း"

Skip,

အဖြူရောင်ပန်းခင်းတစ်ခုရဲ့အလယ် လူသိပ်မရှိပေမယ့် နည်းလှသည်တော့မဟုတ်။ ပန်းခင်းကြီးရဲ့အလယ်လေအဝှေ့လေးတစ်ချက်မှာ သင်းသင်းပျံ့ပျံ့ရနံ့လေးများကြောင့် စိတ်ကိုအေးချမ်းစေသည်။

"ဘာလို့ဂျင့်ကိုဒီကိုခေါ်လာတာလဲ"

"ကိုယ်မင်းကိုချစ်တယ်ဂျင်"

ဆော့ဂျင်ရင်ထဲသေသေချာချာအမည်မတပ်နိုင်သေးခဲ့တဲ့ခံစားချက်လေးတချို့ဝင်လာတော့သည်။ ဘေးကလူတွေကိုဂရုမစိုက်နိုင်တော့။ သူရှေ့မှာဒူးထောက်ပြီးမျှော်လင့်တစား သူ့အဖြေကိုစောင့်နေတဲ့သူကိုကြည့်ပြီး ဆော့ဂျင်ရဲ့စိတ်ထဲဝမ်းနည်းဝမ်းသာခံစားချက်လေးတချို့။ ဒီအခြေအနေကိုသူကြိုခန့်မှန်းနေမိပြီးသားမို့ အဖြေကလည်းအဆင်သင့်သလောက်ရှိနေပြီဖြစ်သည်။

"ဒါ!ဒါနည်းနည်းမမြန်လွန်ဘူးလား"

"ကိုယ့်အတွက်နှေးတောင်နှေးနေသေးတယ်"

𝐃𝐎𝐍'𝐓!!! (Completed)Where stories live. Discover now