9

1.4K 143 12
                                    

Ring...Ring...Ring...

ချစ်ရသူရဲ့ကိုယ်နွေးနွေးလေးကိုဖတ်ပြီးအိပ်ရတဲ့ညဟာဂျောင်ကုအတွက်အချိုမြိန်ဆုံးည။

ထိုညဟာသာမာန်ညတွေထက်ပို၍ပင်တိုနေသလား။

မနက်စောစောလာတဲ့ဖုန်းသံကြောင့်ချစ်ရသူရဲ့ခါးသိမ်သိမ်လေးပေါ်ဖက်တွယ်ထားသောလက်ကိုဖယ်ချရင်းချစ်ရသူလေးမနိုးသွားရလေအောင်အခန်းပြင်ထွက်ကာဖုန်းဖြေရတော့သည်။

"Hello!"

"အကိုလေး ကျန်းမာပါတယ်နော်"

"လိုရင်းကိုပြော!"

"ဟုတ်ကဲ့ဒီညအကိုလေးအတွက်ပျော်စရာလေးတွေစုထားပေးပါတယ် အကိုလေးအကြိုက်ကြီးပဲမို့ပြန်လာစေချင်ပါတယ်"

အင်း။စဥ်းစားကြည့်လိုက်တော့သူလူမသတ်ရတာဘယ်လောက်ကြာပြီလဲ။တစ်ပတ်မှာ3၊4ရက်လောက်လူသတ်ရမှစားဝင်အိပ်ပျော်တဲ့ကောင်အခုတော့လူသတ်ရမှာထက်ချစ်ရသူဘေးမှာနေရဖို့နဲ့ချစ်ရသူကိုပျော်အောင်ထားနိုင်ဖို့သာစိတ်ထဲရှိသည်။သို့ပေမယ့်သူအကြိုက်ဆုံးလူသတ်ရတာကိုတော့သူမမေ့လျော့။အခွင့်သာရင်လူသတ်အုံးမည်။

"ငါအခြေအနေကြည့်ပြီးလာခဲ့မယ် တစ်ယောက် မှမလွတ်သွားစေနဲ့"

"စိတ်ချပါအကိုလေး"

နှစ်ဖက်လုံးဖုန်းချလိုက်ပြီးနောက်...

"အကိုလေး အကိုလေးဂျောင်ကုဒီညပြန်လာမယ်ထင်တယ်"

"ဒါအခွင့်အရေးပဲ"

"ဒီလိုလုပ်လို့ဖြစ်ပါ့မလား"

"မဖြစ်လို့မရဘူး ငါဂျောင်ကုထိခိုက်မှာကိုတော့လက်ပိုက်ကြည့်မနေနိုင်ဘူး"

"အကိုလေးဂျောင်ကုလည်းသိလောက်မှာပါ တော်ကြာအကိုလေးဝင်ပါမှပိုစိုး!"

"မင်းပါးစပ်ပိတ်လိုက်!ဂျောင်ကုကအခုအချစ်မွှန်နေတာဘာမှမမြင်ဘူး ငါဒီလိုမလုပ်ရင်ငါ့ညီထိခိုက်လိမ့်မယ်"

"ဟုတ်ကဲ့ အကိုလေးသဘောပါပဲ"

"......"

ကျွီ...

ဂျောင်ကုအခန်းထဲပြန်ဝင်လာသည်ထိစောင်အောက်ကမထွက်သေးပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်သောသူ။

𝐃𝐎𝐍'𝐓!!! (Completed)Where stories live. Discover now