5

1.6K 192 14
                                    

"ဂျောင်ကု ဒါမင်းနေဖို့အိမ် မင်းလက်ဆော့နေကျနေရာနဲ့တော့အလှမ်းဝေးတယ် သတိထားနေ တစ်ခုခုဆိုအချိန်မရွေးphဆက်လိုက် ဒီမှာသော့"

တခြားတစ်ဖက်ကတစ်တွတ်တွတ်ပြောနေသော်လည်း ဂျောင်ကုကတော့သူနေမယ့်အိမ်ကိုပဲဟိုကြည့်ဒီကြည့်ကြည့်နေသည်။

"ငါပြန်ပြီနော်..."

ဂျောင်ကုခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုနေရာမှကားမောင်းထွက်ခဲ့သည်။

ကျွီ.....

ဂျောင်ကုတံခါးကိုဖွင့်လိုက်ပြီး နံရံတွေ၊အခန်းတွေကိုသေသေချာချာလိုက်ပတ်ကြည့်သည်။

အချိန်အတော်ကြာ တစ်အိမ်လုံးကိုလိုက်ပတ်ကြည့်ပြီးနောက် sofaတစ်ခုပေါ်တွင် သူ့တစ်ကိုယ်လုံးကိုပစ်လှဲချလိုက်သည်။

Tiiti...Tiiti...

မျက်လုံးလေးမှိတ်ပြီးမှေးနေရုံရှိသေး အိမ်ရှေ့ကဘဲလ်တီးသံကြောင့်ဂျောင်ကု ဆတ်ခနဲကောက်ထလိုက်သည်။

ပြီးတော့မှသက်ပြင်းတစ်ချက်ချကာ တံခါးဖွင့်ဖို့ထွက်လာခဲ့သည်။

တံခါးမဖွင့်ခင် ဘဲလ်လာတီးသူကဘယ်သူဘယ်ဝါမှန်းသိအောင် တံခါးရဲ့အလယ်မှာရှိတဲ့မှန်အကြည်လေးထဲကနေ အရင်ချောင်းကြည့်လိုက်သည်။ ကောင်လေးပုံစံကရိုးရိုးသားသားမို့ သူ့ရဲ့မျက်နှာထားကိုပြင်ပြီး တံခါးဖွင့်ပေးလိုက်သည်။

"အာ...အကိုမင်္ဂလာပါ ဒီကcoffeeမှာထားလို့လာပို့တာပါ"

သူ့အားကမ်းပေးလာတဲ့ coffee ခြင်းလေးကိုကိုင်ပြီး အဓိပါယ်ဖွင့်လို့မရတဲ့ အပြုံးတစ်ခုကိုမျက်နှာပေါ်တင်လိုက်သည်။

"ညီလေးအိမ်မှားလာတယ်ထင်တယ် အကိုမမှာထားဘူး"

"ဟမ်!!...အာ...မဟုတ်တာအကိုကလည်းဒီမှာကြည့်လေ ဒီအိမ်နံပါတ်ပဲ"

"Hmm!...ဟုတ်သားပဲ ဒါဆိုအကို့ထက်အရင်ဒီအိမ်မှာနေသွားတဲ့သူတွေဖြစ်မယ် ထင်တယ်"

"အာ...အဲ့လိုလား အဲ့ဒါကြောင့်ကိုး...အိမ်ပြောင်းသွားတာတောင်ပြောမသွားဘူး"

"Ommm"

"အာ..ဒါဆိုအားနာစရာတွေဖြစ်ကုန်ပြီ တောင်းပန်ပါတယ် အကို့ကိုနှောင့်ယှက် မိသွားပြီထင်တယ်"

𝐃𝐎𝐍'𝐓!!! (Completed)Where stories live. Discover now