3

1.6K 181 10
                                    

After 1 week,

"ဂျောင်ကု မင်းအခုတလော ရက်ဆက်နေတယ်ဆို"

"အင်း!! သိပ်တော့ပျော်စရာမကောင်းဘူး"

"ဟာ...လူသတ်ရတာကြိုက်တဲ့မင်းက ပျော်စရာမကောင်းဘူးတဲ့လား"

"Ummm!"

"ကျစ်...မဖြစ်သေးပါဘူး မင်းအတွက်ပျော်စရာလေးတွေရှာပေးရမယ်"

"မရှာနဲ့အုံး! ဒီရက်ပိုင်းတော့စိတ်မပါသေးဘူး"

"သဘောပါကွာ..မင်းအခုရောဘာလုပ်ချင်လဲ"

"ငါအပြင်ထွက်ချင်တယ်"

"ဖြစ်ပါ့မလားကွ အခုတလော ငါတို့လုပ်နေတာက ဒီနိုင်ငံရဲ့ သတင်းခေါင်းကြီးပိုင်းမှာပါတာနော် ငါတို့ဘက်က ေသသပ်လို့သာခြေရာမခံနိုင်တာ အခုရဲတွေက ဒီဘက်ကိုပိုအာရုံစိုက်နေကြတယ်"

"မင်းအခုတလော စကားတွေတအားများတယ်နော်"

ဂျောင်ကုကတခြားတစ်ဖက်ကို ပြုံးပြုံးလေးထိုင်ကြည့်ရင်း တည်ငြိမ်စွာပြောလာသောကြောင့် သူ့အနေအထားကိုပြင်ဆင်ပြီး အပြောအဆိုကိုဆင်ခြင်ရတော့သည်။ စိတ်မထင်ရင်မထင်သလိုထလုပ်နိုင်တာကြောင့် ဘယ်သူမှလည်းတားမရသူမို့ အကြောင်းအသိဆုံးသူက ပါးစပ်ပိတ်သွားတော့သည်။

"ငါ့အပြင်ထွက်မယ်တခါတည်းပြင်ဆင်ထားလိုက်"

"အေး..အေးပါ...ဒါနဲ့မင်းကဘယ်သွားမှာလဲ ငါလိုက်ဖို့လိုသေးလား"

"စောက်ရေးမပါတဲ့နေရာတွေမှာသုံးဖို့မင်းလိုတာပေါ့ "

ဂျောင်ကုရဲ့စကားကိုမနှစ်သက်ပေမယ့် ဂျောင်ကုရဲ့စိတ်ကိုသိတာကြောင့် အမိန့်ကိုသာနာခံလိုက်ရသည်။

"....."

"ဂျောင်.!ဂျောင်ကု!မင်း..မင်းပုံစံက!?"

နှုတ်ခမ်းလှုပ်ရုံပြုံးလိုက်ပြီးနောက်...

"ဘယ်လိုလဲ ဒီပုံစံကိုသဘောကျလား"

"ကျ...ကျပါတယ်"

အနှစ်20ကျော်အတွင်း ဂျောင်ကုအားမမြင်ဖူးသောပုံစံအသစ်ဖြင့်မြင်လိုက်ရတော့ လုံးဝကိုအံသြသွားကြသည်။ ဂျောင်ကု၏ပုံစံမှာsmart ကျသောကောင်လေးတစ်ယောက်အသွင် လှပသောနှာတံနှင့် တပ်မက်ဖွယ်ကောင်းသော တည်ကြည်ခန့်ညားမှု နှစ်လိုဖွယ် နှုတ်ခမ်းပါးလေးနှင့် body အချိုးအစား မနေ့တနေ့ကမှလူသတ်ထားသူဟုပြောလျှင် ပြောတဲ့သူအရူးသာဖြစ်မည်။

𝐃𝐎𝐍'𝐓!!! (Completed)Where stories live. Discover now