ရိပေါ်ဝရံတာကိုထွက်ဆေးလိပ်သောက်ရင်း.....နေ့ရက်တစ်ခုဆီကိုပြန်တွေးနေမိတယ်......အင်း....အဲ့နေ့က..............
"CEO......ကားအဆင့်သင့်ဖြစ်ပါပြီ....."
"ကောင်းပြီ..... ယွီပင်း.....သွားကြတာပေါ့....."
အခုရိပေါ်တို့သွားနေတာက......ရှောင်းအိမ်တော်ကိုပေါ့.....
ရှောင်းအိမ်တော်ကလူအများအမြင်မှာတော့ချမ်းသာကြွယ်ဝတဲ့အိမ်ဖြစ်နေပေမဲ့တကယ့်လက်တွေ့တကယ်တမ်းကြတော့ဟန်ဘဲရှိပီးအဆံမရှိတော့တဲ့အခွံကြီးသာသာ.....
အခုလည်း...ရိပေါ်...ရှောင်းအိမ်တော်ကိုသွားနေတာက....စာရင်းရှင်းစရာတွေရှိလို့......ငွေရေးကြေးရေးကိစ္စတွေပေါ့..............
ရိပေါ်အခုလောက်ထိဦးရှောင်းမင်အပေါ်သည်းခံကူညီပေးနေတယ်ဆိုတာ....သူရဲ့မြတ်နိုးရာလေးတစ်ခုကြောင့်သာ.....
အခုတော့သူစောင့်နေတဲ့အချိန်ကိုရောက်လာပြီအချိန်တန်ပြီ.........
"ယွီပင်း.....စာရွက်စာတမ်းတွေနဲ့....ရှေ့နေတွေရော......."
"CEO....ခိုင်းတဲ့အတိုင်းကျွန်တော်အားလုံးစီစဉ်ထားပီးသားပါ.... အခုသူတို့...ရှောင်းအိမ်တော်ကိုရောက်နေကြပါပြီCEO......"
"ကောင်းပြီ......"
"မတွေ့တာတောင်ကြာပြီနော်..ဦး...ရှောင်း....မင်"
"မင်းဘာကိစ္စလာတာလဲရိပေါ်.....အကြွေးကိစ္စဆိုငါဘာငါလာရှင်းမယ်လို့ပြောထားတယ်မဟုတ်လား"
ဦးရှောင်းမင်သူမယားငယ်ရှေ့မှာမျက်နှာပျက်ယွင်းစွာပြောနေသည်
ဟုတ်သည်ရှောင်းအိမ်တော်ရဲ့စီးပွားရေးတွေကျဆင်းပြိုလဲတာလဲမပြောနှင့်ဦးရှောင်းမင်သည်မိဘအမွေပေါ်မှာထိုင်စားပြီးမိန်းမတကာနှင့်ပွေရှုပ်လောင်းကစားမှန်သမျှလုပ်အရက်သေစာမူးရစ်ဆေးဝါးမကောင်းမှုအားလုံးလုပ်ပြီးပျော်မွေ့နေသူဖြစ်သည်...
ဦးရှောင်းမင်၏မိန်းမဖြစ်သူမှာလဲမိန်းမတန်မဲ့မကောင်းမှုဟူသမျှလုပ်ကိုင်သူဖြစ်သည်အသွင်တူလို့အိမ်သူဖြစ်သည်ဆိုတာသူတို့လင်မယားအတွက်ပြောသလားမှတ်ရတယ်..........
YOU ARE READING
DADDY[Completed]
Fanfiction"daddyကbabyဘဝရဲ့ပဲ့ကိုင်ရှင်ပါ....ချစ်တယ်daddyကိုအရမ်းချစ်တယ်" Xiao Zhan "babyမင်းလေးကိုယ့်အပြစ်ကိုယ်သိတယ်နော်.....မင်းလေးကတော့daddyလုပ်ရင်နာတော့မယ်ရှောင်းပေါက်စ...အလိုလိုက်ထားတော့ဆိုးလာတာလားကလေးငယ်" Wang Yibo