Ep-17

3.2K 151 77
                                    

Doctor ရဲ့ မတင်မကျ မျက်နှာအမူအယာကိုကြည့်ပြီးရိပေါ်ရဲ့စိတ်တွေလေးပင်လာသည်။

"Doctorကလေးကဘာဖြစ်တာလဲ"

"ဟို...ဟို"

"ကျစ် ခင်ဗျားကို ဟိုတွေဒီတွေပြောခိုင်းနေတာမဟုတ်ဖူး ဘာဖြစ်တာလဲမေးတာ တောက်!!!"

"ဟို ဝမ်သခင်ကြီး ကျွန်တော်ပြောတာကို စိတ်အေးအေးလေးထားပြီးနားထောင်ပေးပါ"

ရိပေါ်မှာ ဆရာဝန်ရဲ့ စကားကြောင့်စိတ်မအေးတဲ့အပြင်ပိုပြီးတောင်ရင်ပူလာမိသည်။

"မြန်မြန်ပြော ငါအဆင်ပြေတယ်"

"ဟုတ်ကဲ့ အခု ကျွန်တော်စမ်းသပ်မိရသလောက် ဒီက သခင်လေးမှာ ကိုယ်ဝန်ရှိတဲ့ လက္ခနာတွေပြနေပါတယ် ဒါမဲ့ကျွန်တော်က70℅လောက်ဘဲသေချာတာမို့ ဒီအပိုင်းကိုကျွမ်းကျင်တဲ့ doctorနဲ့ သေချာပြပြီး သေချာစစ်ဆေးဖို့အကြံပြုချင်ပါတယ်သခင်ကြီး"

ရိပေါ်စိတ်တွေလှုပ်ရှားနေပြီး အသံကိုထိန်းပြောနေရသည်။

"ကောင်းပြီ ယွီပင်း doctorကို ပြန်ပို့ပေးလိုက်"

"ဟုတ်ကဲ့ပါ CEO"

_________________________________

"Hello ရိရှင်း"

"အေး ရိပေါ်ပြော"

"မင်းအားလား ငါအရေးကြီးလို့"

"အေး အားပါတယ် ငါဒီနေ့ duty offလေ ဘယ်သူနေမကောင်းလို့လဲဟျောင့်"

"အေး babyကိစ္စ တိုင်ပင်ချင်လို့ အရေးကြီးတယ် အခုလာခဲ့ပါကွာ မင်းရောက်ရင်အားလုံးသိလိမ့်မယ်"

"အေးဟုတ်ပြီ ငါအခုထွက်လာခဲ့မယ်နော်"

ရိရှင်း ကရိပေါ် နဲ့ငယ်ငယ်လေးထဲက အရမ်းခင်ကြတဲ့ ညီအကိုလိုချစ်ကြတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ ကျုံးကော်(တရုတ်ပြည်)ကိုပြန်ရောက်တာ ပါရဂူဘွဲ့ ကို UK ကနေရလာတဲ့ သားဖွားမီးရပ်(OG) ဆရာဝန်တစ်ယောက်ပေါ့။
_________________________________

Time skip>>>>>>>>

"ရိပေါ် ငါတို့စကားပြောရအောင်"

"အေး ရိရှင်း Baby အခြေနေ"

"ဝမ်းသာစရာကိစ္စပါ စိတ်ပူစရာကိစ္စမဟုတ်ပါဖူး Congratulations ပါ သူငယ်ချင်းရေ ငါတို့ ဝမ်ကြီးတောင် အဖေ ဖြစ်ပြီဘဲ ငါဘဲကျန်တော့တယ် ဟား... ဟား.... ဟား"

DADDY[Completed]Where stories live. Discover now