Part _10

1.1K 110 33
                                    

[Unicode]

༒࿙မောင့်ရဲ့ ရွှေကြာ࿚༒

ပုံမှန်ထက် ပိုရှည်ကြာသွားတဲ့ ဖျားရက်တွေအဆုံးမှာ ဂျောင်ဂုဟာ တဖန် ပြန်လည် သက်သာစပြုလာသည်။ ရေအေး စိမ်ထားတဲ့ အ၀တ်စကို ညစ်၊ နဖူးပေါ်တင်ရင်း စောင်ထဲကွေးလိုက် အ၀တ်ပူလာရင် ပြန်‌ထစိမ်လိုက်နဲ့ အလုပ်ရူပ်ရတဲ့ နေ့တွေဟာလည်း များပြားခဲ့သေးသည်။

"ညှောင် ညှောင်"

"လိုက်လို့မရဘူးလေ ၊ အပြန်ကျမှ မှန့်၀ယ်လာခဲ့မယ်နော်"

ဂျောင်ဂုက ပြောလည်းပြော မီရာလေးကို ဆိုဖာပေါ် ပြန်တင်ပေးရင်း လိုအပ်တာလေးတွေ ၀ယ်ဖို့ အိမ်က ထွက်လာခဲ့လိုက်သည်။အပြင်ထွက်လိုက်တာနဲ့ တိုက်ခတ်လာတဲ့ မိုးလေပြင်းက အဖျားသက်သာခါစ သူ့အတွက်တော့ အလွန်အေးကိုက်နေခဲ့လွန်းသည်။ ထီးအဖြူလေးကို ဖွင့်လို့ နီးရာအရပ်မှာ market လေးဖြစ်ဖြစ်၊ ဆိုင်တစ်ဆိုင် ရှိမလား ရှာပင်မယ့် ကားလမ်းမကြီးကလွှဲရင် ဘာမှ မရှိတဲ့ လမ်းမကြီးကြောင့် အခု သူနေတဲ့ အဆောင်က မြို့အစွန်းလောက်မှာမှန်း ချက်ချင်း နားလည်လိုက်မိသည်။

အဆောင်ကို လည်ပြန် ပြန်လှည့်ကြည့်ရင်း ကား မှတ်တိုင်သို့သာ ထွက်လာခဲ့လိုက်သည်။ လူသူရှင်းတဲ့ ကားမှတ်တိုင်လေးက မိုးရာသီမို့ထင် မီးလေးတော့ ထွန်းထားရှာသည်။ ဒီလိုနဲ့ တစ်ဖျောက်ဖျောက် ကျနေတဲ့ မိုးစက်တွေသာ များလာတယ် ကားတစ်စီးတစ်လေတောင် မတွေ့ရသေးပေ။ သက်ပြင်းမောချလို့ ဂျောင်ဂုက ခပ်ငိုင်ငိုင်လေးနဲ့ သူ့လွယ်အိတ်လေးကို ပိုက်ထားကာရှိတယ်၊ မကြာပါဘူး ရောက်လာတဲ့ mini busအဝါလေးက မြို့ပတ်ကားတဲ့၊

အော် တစ်လုံးသာရေရွတ်ရင်း ဘယ်သူမှမရှိတဲ့ ကားအဝါလေးထဲ ဂျောင်ဂုက နောက်ဆုံးခုံမှာနေရာယူပြန်တယ်၊ မြို့တွင်းရောက်ဖို့ သုံးနာရီလောက်ကြာမယ့်ခရီးမှာ ဂျောင်ဂု မျက်နှာက အလွန်အမင်း ဖျော့တော့နေခဲ့တယ်။

တစ်ချိန်တည်း သူဟာ တစ်ကယ်ပဲ လူမသိသူမသိ နေထိုင်ရတော့မှာပါလားလို့ တွေးမိတော့ မျက်ရည်တွေဟာ လှဲ့လာပြန်တယ်၊ တစ်ပတ်အတွင်း အတော်ပြောင်းလည်းသွားတဲ့ သူ့ဘ၀မှာ ယခုဆို တစ်ခါမှ မကြားဖူးတဲ့ ဘက်အကောင့်ဆိုပြီးလည်း ရှိလာသည်။ တစ်ခါမှ မကိုင်ဘူးတဲ့ မျက်နှာပြင်ကြီးပါတဲ့ ဖုန်းအနက်ရောင်ကြီးလည်း ရောက်လာပြန်သည်။သူ့ရဲ့ ကီးပတ်ဖုန်းလေးကိုတော့ အမှတ်တရ သိမ်းထားဖြစ်ခဲ့သည် ။ပထမဆုံး ခြစ်ခြစ်ကပ်ကပ်စုပြီး ၀ယ်ထားတာလေးကို ဂျောင်ဂုက ပိုတန်ဖိုးထားပါသည်။

~မောင့်ရဲ့ ရွှေကြာ~Where stories live. Discover now