Part _ 9

937 105 29
                                    

[Unicode]

༒࿙မောင့်ရဲ့ ရွှေကြာ࿚༒

စိုစွတ်နေတဲ့ မျက်တောင်‌ဖျားလေးတွေ တစ်ဖျက်ဖျက် လှုပ်ခပ်လာရင်း ဖန်ဂေါ်လီလို ကြည်တောက်နေတဲ့မျက်၀န်းစိုစိုတွေဟာ ပွင့်ဟလာတယ်၊ကောင်လေးရဲ့ ထိုမျက်လုံးအဝိုင်းလေးတွေက သူ့ဘေးနားမှာ သူ့ဘက်လှည့်လို့ ဘေးတစ်စောင်း အိပ်မောကျနေတဲ့လူကြောင့် ပိုပြီးဝိုင်းစက်သွားလေသည်။

အဲ့နောက် ကောင်လေးက အရင်ကနဲ့မတူ ပြည့်ဖောင်းနဲ့ လက်ဖောင်းဖောင်းလေးတွေက တစ်ဖက်က လူရဲ့ လက်ဖျားလေးတွေနဲ့ အသားချင်းထိရုံသာ ထိကပ်လိုက်သည်။  တစ်ပိုင်းတစ်စ ခံစားမိတဲ့ လက်‌အဖျားလေးတွေရဲ့ အနွေးဓါတ်က ကောင်လေးအဖို့ ပြည့်စုံ‌ေစခဲ့သည်

အဲ့နောက်ကောင်လေးရဲ့ မျက်၀န်းတွေဟာ တစ်ဖန်မှိတ်ကျသွားပြန်တယ်။

__________________________

တီး တောင် !!! တီးတောင် !!! တီးတောင်!!!

"ကျစ်!".

"ဒုန်း ၊ ဒုန်း"

"ဟေ့ကောင်ရာ ဖြေးဖြေးနှိပ်ပါကွာ.. ဘဲလ်လည်းပျက်သွားဦးမယ်ဟ"

"ကောင်လေးက အိပ်နေတာနေမယ်၊ မင်းအခန်းက ဒီလောက်ကျယ်နေတာ ခေါ်မကြားအော်မကြားဆိုလည်း စန်းမနေဘူး၊ သော့အပိုပါတယ်မှတ်လား ၊ အဲ့တာ‌နဲ့ ဖွင့်"

"ဖွင့်!??"

"ရားး!!"

နောက်ဆုံး စိတ်မရှည်ကာ ထအော်သူက ဂျီမင်းသာ ၊သူအော်လည်း အော် ချင်စရာ မျက်လုံးက မပွင့်တစ်ပွင့်နဲ့ အုတ်နံရံကြီးအား မှီတွဲနေပြီး လူခေါ်ဘဲလ်ကို  အသည်းကုန်တီး! မရတော့လည်း တံခါးကိုစောင့်ကန်၊ အခုလည်း သော့နဲ့ဖွင့်ပြောတော့ သူ့ကားသော့ကြီး ထိုးထည့်လို့ထိုးထည့်၊ တကယ်ပါ ကင်မ်ထယ်ယောင်ယောင်းဆိုတဲ့ကောင်က အရက်ဒဏ်မခံပဲ အရက်ဂျိုးဖြစ်နေတဲ့ကောင်ပင် ။

"ငါပြောပါတယ် သူ့ကို မတိုက်ပါနဲ့လို့!"

"‌အံ့ဩပါ့! သူ့ဘာသာ တစ်ခွက်ပြီးတစ်ခွက်မော့နေတာလေ! မသောက်နိုင်ဘူးဆိုလည်း ကိုယ့်ဘာသာကိုယ် ထိန်းထိန်းသိမ်းသိမ်းသောက်ပေါ့၊ ဟေ့ကောင် ဘယ်မှာလည်း သော့က !"

~မောင့်ရဲ့ ရွှေကြာ~Where stories live. Discover now