၁၈

1.8K 94 52
                                    

"ဒါဘာလုပ်တာလဲ"

"ဟို ကိုကြီး မြရောင်က.."

"လွန်းသော်ရဲ့ ပန်းချီကားတွေကိုဘယ်သူထိခိုင်းခဲ့လို့လဲ"

"မြတေးရောင်ဒီလို သူများပစ္စည်းခွင့်မတောင်းဘဲ ကိုင်ဖို့ မင်းအမေ က သင်ပေးထားတာလား"

"ကိုကိုမောင် မေမေ့ကိုမစော်ကားနဲ့ မေမေက ကိုကိုမောင့်ကိုမွေးထားတယ်ဆိုတာသိ"

"အေး အဲ့တာကြောင့်လဲ ငါ့ကံကြမ္မာက အဲ့လောက်ဆိုးရွားနေရတာ"

အပေါ်ထပ်ကဆူဆူညံညံအသံတွေကြောင့် ဦးထွန်းမြတ်သော်လည်းအပေါ်တက်လာသည်။

"ဘာဖြစ်နေကြတာလဲ မောင်နှမတွေကိုဘဲသားရယ် အေးအေးဆေးဆေးဖြေရှင်းကြပါကွာ"

ခရီးရောက်မဆိုက်မို့ လူပင်ပန်းတာရော စိတ်ပင်ပန်းတာရောကြောင့် မကြည်မလင်။
အနားယူမယ်ဆိုပြီးတစ်ရေးအိပ်ပြီးနိုးလာတော့ လွတ်နေတဲ့အိပ်ယာတစ်ဖက်ကြောင့် ရင်ဘတ်ထဲကနာသည်။သူချစ်မိကာမှ...ဘာကြောင့်များဆွဲထုတ်သွားရသလဲ သူတန်ဖိုးတွေနားလည်လာခဲ့ကာမှ အချစ်ဆိုတာခံစားဖူးလာမှ...

"ဦးလေး သမီးကကိုကိုလွန်းရဲ့ ပန်းချီခန်းထဲမှာပုံလေးဆွဲမိတာ ကိုကိုမောင်က စိတ်တိုပြီးဆူနေတာ ဟင့်.."

မြတေးရောင်ကငိုချကာတိုင်တန်းသလိုဆိုသည်။

"ကျစ် မြတေး သွားတော့ သွား ငါ့မျက်စိရှေ့မှာ‌မနေနဲ့"

ငယ်ငယ်တည်းကအလိုလိုက်အကြိုက်ဆောင်ခံထားရတဲ့ အငယ်လေးမို့ အဆူခံရတော့ စိတ်မကောင်းဖြစ်သွားရှာသည်ထင်ပါသည်။. ညစာဆင်းမစားတော့ သူကဘဲချော့ရသည်. တွယ်တာစရာမိသားစုဝင်ဆိုလို့ သူ့ဘဝမှာ ညီမလေးမြတေးသာ ကျန်တော့တာမို့ ဒီညီမလေးကိုသာ အထိအခိုက်မဖြစ်စေဖို့ကာကွယ်ပေးရမည်။

---------------------------------------
"မောင့်လွန်း"

*ရှူး*

အိပ်ပျော်နေသေး‌တဲ့လွန်းပါးလေးကိုရှူးခနဲရှိုက်လိုက်တော့ မျက်ခုံးတွေတွန့်ပြီးတစ်ဖက်လှည့်သွားသည်

"မောင့်လွန်း လွန်းကမောင့်အပိုင်"

"ထတော့လေ"

သုံးနှစ်တာဆက်ဆံရေး(complete)Место, где живут истории. Откройте их для себя